Myanmar Digital News

မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ သစ်တောထိန်းသိမ်း​ရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာ​ပေးဟောပြော

မြိတ် နိုဝင်ဘာ ၂၆

 

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ် သစ်​တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက အထက(သမုတ်)တွင် ကျင်းပသည်။

 

အသိပညာပေး ဟောပြောရာတွင် မြို့နယ်သစ်​တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်တောထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ပြောကြားသည်။

 

 ဟောပြောပွဲသို့ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစု​ပေါင်း ၈၂ ဦးတက်​ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပညာပေးလက်ကမ်းစာ‌စောင်များ ဝေငှပေးပြီး စာရေး ကိရိယာများကို ဆရာ ဆရာမများအား ပေးအပ်ခဲ့​ကြောင်း သိရသည်။

 

ခိုင်ထူး ( ပြန်/ဆက် )

မူရင်းသတင်း — Myanmar Digital News