
#Local_News
Published 28 November 2026
■ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီး အစည်းအဝေးကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြိုရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်ဆွေးနွေးကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
■ ထိပ်သီးအစည်းအဝေးတွင် ဦးစွာ CLMV အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ကနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် CLMV အဖွဲဝင်နိုင်ငံများမှ ခေါင်းဆောင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ယင်းနောက်နိုင်ငံတော်သမ္မတနှင့် CLMV အဖွဲဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
■ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်း အဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် CLMV အဖွဲဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲများနှင့်အတူ တက်ရောက်နေခြင်းဖြစ်သည်။
#YMG #Yangon_Times #Yangon_Media_Group