Xinhua Myanmar

၂၀၂၆ ဆန်းကျန့် စက္ကူပန်း နှစ်သက်ရှုစားမှု သီတင်းပတ် အခမ်းအနား ဖွင့်လှစ်

.

တရုတ်နိုင်ငံ ဆန်းကျန့်မြို့လျန်ဟွားဆန်းပန်းခြံတွင် ပွင့်လန်းနေသော စက္ကူပန်းများနှင့် မြို့ပြအဆောက်အဦ အပြန်အလှန် ပနံသင့်နေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၂၆ ဆန်းကျန့် စက္ကူပန်း နှစ်သက်ရှုစားမှု သီတင်းပတ်ကို နိုဝင်ဘာလ ၂၈ ရက်တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။

၁၉၈၆ ခုနှစ် စက်တင်ဘာလတွင် ဆန်းကျန့်မြို့သည် စက္ကူပန်းကို မြို့တော်ပန်းအဖြစ် ရွေးချယ်ခဲ့ရာမှ ၁၉၉၉ ခုနှစ်မှစ၍ စက္ကူပန်းပြပွဲကို နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယင်းသည်စက္ကူပန်းမျိုးကွဲများ ပျိုးထောင်မှုနှင့် ဥယျာဉ်ရှုခင်းဒီဇိုင်းအသုံးချရာတွင် အောင်မြင်မှုများကို ပြသနိုင်သည့် အရေးကြီးသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း ဆန်းကျန့်မြို့ပြစီမံခန့်ခွဲမှုနှင့် ဘက်စုံဥပဒေစိုးမိုးရေးဗျူရိုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ် ဆန်းကျန့် စက္ကူပန်း နှစ်သက်ရှုစားမှု သီတင်းပတ်ကို နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၇ ရက်အထိ​ လျန်ဟွားဆန်းပန်းခြံ၊ ဥယျာဉ်ပြပွဲပန်းခြံနှင့် ပေါင်အန်း စက္ကူပန်းလျှိုမြောင်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။ (Xinhua)

---------------------

(Chinese Version)

2026深圳簕杜鹃赏花周开幕

新华社照片,深圳(广东),2026年11月28日

11月28日,2026深圳簕杜鹃赏花周正式开幕。

据深圳市城市管理和综合执法局有关负责人介绍,1986年9月,深圳开展市花评选,簕杜鹃被选为深圳市市花。从1999年起,深圳开始持续举办簕杜鹃花展,成为展示簕杜鹃品种培育和园林应用成果的重要平台。

今年的深圳簕杜鹃赏花周于11月28日至12月7日在莲花山公园、园博园和宝安簕杜鹃谷举办。

图说1:11月28日,在深圳莲花山公园,盛放的簕杜鹃与城市建筑交相辉映。新华社记者 梁旭 摄

图说2:这是11月28日在深圳莲花山公园拍摄的2026深圳簕杜鹃赏花周现场。新华社记者 梁旭 摄

တရုတ်နိုင်ငံ ဆန်းကျန့်မြို့လျန်ဟွားဆန်းပန်းခြံတွင်ကျင်းပသည့် ၂၀၂၆ ဆန်းကျန့် စက္ကူပန်း ရှုစားမှု သီတင်းပတ် အခမ်းအနားကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar