Xinhua Myanmar

တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား ဦလန်ဘာတာမြို့သို့ အောင်မြင်စွာ ဆိုက်ရောက်

ပထမအကြိမ် ပြေးဆွဲသည့် V3/4 တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာမြို့ရှိ ဦလန်ဘာတာဘူတာသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ဆိုက်ရောက်စဉ် (ဆင်ဟွာ)

ဦလန်ဘာတာ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ပထမဆုံး V3/4 တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထားသည် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာမြို့ရှိ ဦလန်ဘာတာဘူတာသို့ အောင်မြင်စွာ ဆိုက်ရောက်ခဲ့သည်။

မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ချောင်လိက ဆင်ဟွာ သတင်းဌာန သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယခုအကြိမ် ပြေးဆွဲသည့် တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထားသည် ခရီးသွားဧည့်သည်များအတွက် အတွေ့အကြုံသစ်တစ်ရပ် ယူဆောင်လာပေးမည် ဖြစ်သကဲ့သို့ တရုတ်–မွန်ဂိုလီးယား–ရုရှား စီးပွားရေးစင်္ကြံ တည်ဆောက်ရေးနှင့် သုံးနိုင်ငံ၏ လူမှုယဉ်ကျေးမှု ဖလှယ်မှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ကူးလူးဖလှယ်မှုတို့အတွက်လည်း တွန်းအားသစ်ကို ထည့်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား V3/4 ရဲ့ ပထမအသုတ် ခရီးသွားဧည့်သည် အနေဖြင့် စီးနင်းလိုက်ပါခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ရထားစီးရတာလည်း အလွန်မှ တည်ငြိမ်အဆင်ပြေပါတယ်” ဟု ရုရှားနိုင်ငံ Irkutsk မြို့သို့ ခရီးသွားရန် ပြင်ဆင်နေသည့် မစ္စတာ ကျန်းက သတင်းထောက်အား ပြောကြားခဲ့သည်။ “ဆောင်းဦးအစရာသီဥတု ဖြစ်တဲ့ ပေကျင်းမြို့ ကနေ ရေခဲဆီးနှင်းဖုံးနေတဲ့ Irkutsk မြို့အထိ ရထားစီးသွားရတဲ့ အတွေ့အကြုံက တကယ့်ကိုထူးခြားကောင်းမွန်လှတယ်” ဟု ၎င်းက ဆိုသည်။

V3/4 တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထားသည် နိုဝင်ဘာ ၂၅ ရက် မနက် ၇ နာရီ ၂၇ မိနစ်တွင် ပထမအသုတ် ခရီးသွားဧည့်သည်များ တင်ဆောင်ကာ ပေကျင်းဘူတာမှ ထွက်ခွာသွားခဲ့သည်။ အဆိုပါအပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထားသည် တရုတ်၊ မွန်ဂိုလီးယား၊ ရုရှား နိုင်ငံသုံးနိုင်ငံကို ဖြတ်သန်းသွားမည် ဖြစ်ကာ ခရီးစဥ် စုစုပေါင်း ၂,၆၆၆ ကီလိုမီတာ ရှည်လျားပြီး ကြာချိန်မှာ ၅၅ နာရီ ရှိသည်။ တရုတ်နိုင်ငံရှိ Erenhot နယ်စပ်ဂိတ်၊ မွန်ဂိုလီးယားနိုင်ငံရှိ Zamiin-Uud နှင့် Sukhbaatar နယ်စပ်ဂိတ်၊ ရုရှားနိုင်ငံရှိ Naushki နယ်စပ်ဂိတ်တို့တွင် ပြည်ဝင်ပြည်ထွက် လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရမည် ဖြစ်သည်။

ပေကျင်းမှ Irkutsk မြို့သို့ ပြေးဆွဲသည့် V3 ရထားသည် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ ၂၇ မိနစ်တွင် ပေကျင်းဘူတာမှ စတင်ထွက်ခွာမည် ဖြစ်ပြီး Irkutsk မြို့မှ ပေကျင်းသို့ ပြေးဆွဲသည့် V4  ရထားသည် အပတ်စဉ် စနေနေ့ နံနက် ၆ နာရီ ၅၈ မိနစ်တွင် Irkutsk ဘူတာမှ စတင်ထွက်ခွာမည် ဖြစ်ကာ အပတ်စဉ် အသွားအပြန် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ပထမအကြိမ် ပြေးဆွဲသည့် V3/4 တရုတ်–မွန်ဂိုလီးယား–ရုရှား အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား မွန်ဂိုလီးယားနိုင်ငံ မြို့တော် ဦလန်ဘာတာမြို့ရှိ ဦလန်ဘာတာဘူတာသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ဆိုက်ရောက်ပြီးနောက် ခရီးသည်များ ရထားပေါ်မှ ဆင်းလာကြစဉ် (ဆင်ဟွာ)

………………………………………………

(Chinese Version)

中蒙俄国际旅客列车顺利抵达乌兰巴托

新华社乌兰巴托11月26日电(记者宝乐日其其格)26日14时35分,首趟V3/4次中蒙俄国际旅客列车顺利抵达位于蒙古国首都乌兰巴托的乌兰巴托站。  

中国驻蒙古国大使馆临时代办曹利在接受新华社记者采访时表示,此次开行的中蒙俄国际旅客列车将为乘客带来全新体验,也为中蒙俄经济走廊建设和三国人文交流、经贸往来注入新动能。  

“非常高兴能够成为V3/4次中蒙俄国际旅客列车的首批乘客,列车运行十分平稳。”准备前往俄罗斯伊尔库茨克旅游的张先生告诉记者,“乘坐火车从初冬的北京到冰天雪地的伊尔库茨克,这种体验很奇妙。”

25日早7点27分,V3/4次中蒙俄国际旅客列车搭载着第一批旅客从北京站驶出。该趟国际旅客列车跨越中国、蒙古国、俄罗斯三国,全程2666公里、运行55小时,在中国二连浩特口岸、蒙古国扎门乌德口岸和苏赫巴托口岸、俄罗斯纳乌什基口岸办理出入境手续。  

据了解,北京至伊尔库茨克方向的V3次列车每周三7时27分从北京站始发,伊尔库茨克至北京方向的V4次列车每周六6时58分从伊尔库茨克站始发,每周往返开行。(完)

图说1:11月26日,首趟V3/4次中蒙俄国际旅客列车抵达位于蒙古国首都乌兰巴托的乌兰巴托站。新华社记者 宝乐日其其格 摄

图说2:11月26日,首趟V3/4次中蒙俄国际旅客列车抵达位于蒙古国首都乌兰巴托的乌兰巴托站后,旅客走下列车。新华社记者 宝乐日其其格 摄

မူရင်းသတင်း — Xinhua Myanmar