Myanmar Digital News

လားရှိုးမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း သုံးမျိုး ဆင်းပွဲကျင်းပ

လားရှိုး  နိုဝင်ဘာ ၂၆

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်ဇုန်) တို့ ပူးပေါင်း၍ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းသုံးမျိုး ဆင်းပွဲကို ယနေ့တွင် Golden Hill Hotel ၌ ကျင်းပသည်။

 

ပေးအပ်ချီးမြှင့်

 

ဦးစွာ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ထူးချွန်ဂုဏ်ပြုဆုများကို လည်းကောင်း၊ သင်တန်းသား သင်တန်းသူအားလုံးအတွက် သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ဧည့်ကြိုဝန်ဆောင်မှု သင်တန်း (FO) ကို သင်တန်းသား သင်တန်းသူ ၂၂ ဦးဖြင့် Two Elephants Hotel တွင်လည်းကောင်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး သင်တန်း (HK) ကို သင်တန်းသား သင်တန်းသူ ၂၂ ဦးဖြင့် Golden Hill Hotel တွင်လည်းကောင်း၊ အစားအစာနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း (F&B Service) သင်တန်းကို သင်တန်းသား သင်တန်းသူ ၂၇ ဦးဖြင့် Asia Hotel တွင်လည်းကောင်း စုစုပေါင်း သင်တန်းသား သင်တန်း သူ ၇၁ ဦးဖြင့် သက်ဆိုင်ရာ ဟိုတယ်များတွင် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News