Xinhua Myanmar

ကန်းစုပြည်နယ် အန်းနန်ပါ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် တောရိုင်းကုလားအုတ်များက သဲကန္တာရထက်၌ ပြေးလွှားလျက်ရှိ

.

တရုတ်နိုင်ငံ ကန်းစုပြည်နယ် အန်းနန်ပါ့ နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် တောရိုင်းကုလားအုတ် စုစုပေါင်းအကောင်ရေ ၁၆ ကောင်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အားခက်စိုက် (ကန်းစု)၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၂၇ ရက်တွင် သတင်းထောက်က တရုတ်နိုင်ငံ ကန်းစုပြည်နယ် အန်းနန်ပါ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်၏ ဝန်ထမ်းများနှင့်အတူ လုံခြုံရေးလှည့်လည်စစ်ဆေးနေစဉ် အကောင်ရေ ၁၆ ကောင်ပါဝင်သော တောရိုင်းကုလားအုတ် အုပ်စုတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ၎င်းတို့သည် ရေအိုင်အနီးတွင် ရေသောက်ပြီးနောက် ကျယ်ပြန့်သောသဲကန္တာရကိုဖြတ်ကာ တောနက်ထဲသို့ ဆက်လက် ထွက်ခွာသွားခဲ့ကြသည်။

တောရိုင်းကုလားအုတ်သည် တရုတ်နိုင်ငံ၏ အမျိုးသားပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လက်ရှိ အကောင်ရေ ၁,၀၀၀ ခန့်သာ ကျန်ရှိတော့ကာ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေး (IUCN) က မျိုးသုဉ်းရန်အန္တရာယ်ရှိမျိုးစိတ်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

ကန်းစုပြည်နယ် အန်းနန်ပါ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်သည် ကျိုချွမ်မြို့ အားခဲ့စိုက် ကာဇက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်တွင် တည်ရှိပြီး စုစုပေါင်း ဧရိယာ ဟက်တာ ၃၉၆,၀၀၀ ကျယ်ဝန်းသည်။ ထိုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်သည် တောရိုင်းကုလားအုတ်များ ဒေသဖြတ်ကျော် ဖြတ်သန်းရွှေ့ပြောင်းရာတွင် အရေးကြီးသော လမ်းကြောင်းနှင့် အဓိက နေထိုင်ကျက်စားရာ ဒေသလည်း ဖြစ်သည်။ နှစ်ပေါင်းများစွာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်မှုကြောင့် အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်အတွင်းရှိ တောရိုင်းကုလားအုတ် အရေအတွက်သည် အကောင်ရေ ၃၀၀ ခန့်​ အထိ တိုးလာခဲ့ပြီ ဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

甘肃安南坝:野骆驼驰骋戈壁

新华社照片,阿克塞(甘肃),2026年11月28日

11月27日,记者随甘肃安南坝野骆驼国家级自然保护区工作人员巡护途中,观测到一群共16峰野骆驼种群,它们在水边饮水后,穿越茫茫戈壁,向群山深处行进。

野骆驼是国家一级保护野生动物,全球现存约1000峰,被世界自然保护联盟列为濒危物种。甘肃安南坝野骆驼国家级自然保护区地处酒泉市阿克塞哈萨克族自治县,总面积39.6万公顷,是野骆驼跨区域迁徙的重要廊道与核心栖息地。经过多年系统保护,保护区内野骆驼数量增至300峰左右。

图说1:11月27日在甘肃安南坝野骆驼国家级自然保护区拍摄的一群野骆驼,数量共16峰(无人机照片)。 新华社记者 郎兵兵 摄

图说2:11月27日,在甘肃安南坝野骆驼国家级自然保护区,一群野骆驼在戈壁上奔跑(无人机照片)。新华社记者 郎兵兵 摄

တရုတ်နိုင်ငံ ကန်းစုပြည်နယ် အန်းနန်ပါ့ နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်တွင် တောရိုင်းကုလားအုတ် တစ်အုပ်က သဲကန္တာရထက်၌ ပြေးလွှားနေသည့် ဝေဟင်မြင်ကွင်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မူရင်းသတင်း — Xinhua Myanmar