MyTech Myanmar

တရုတ်နိုင်ငံရဲ့ စမတ်မြို့တော်မှာ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ဘတ်စ်ကားတွေ စတင်ပြေးဆွဲ

တရုတ်နိုင်ငံဟာ ခေတ်မီနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ စမတ်မြို့တော် Xiong’an မှာ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ဘတ်စ်ကားတွေကို စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဘတ်စ်ကားတွေဟာ ကီလိုမီတာ ၂၀,၀၀၀ (မိုင် ၁၂,၄၀၀) ခန့် စမ်းသပ်မောင်းနှင်မှုတွေ ပြီးစီးသွားတဲ့နောက် ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၆ ရက်မှာ ခရီးသည်တွေကို စတင်တင်ဆောင်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်။

 

Level 4 အလိုအလျောက်မောင်းနှင်မှုနည်းပညာကို အသုံးပြုထားတဲ့ အဲဒီဘတ်စ်ကားတွေဟာ မှတ်တိုင် ၈ ခုပါဝင်တဲ့ လမ်းကြောင်းတစ်လျှောက် မိနစ် ၂၀ ခြားတစ်ကြိမ် ပြေးဆွဲနေပြီး စမ်းသပ်ကာလအတွင်း အခမဲ့ စီးနင်းနိုင်ပါတယ်။ ဘတ်စ်ကားတွေဟာ ကိုယ်တိုင်မောင်းနှင်နိုင်ပေမယ့် လိုအပ်ရင် ထိန်းချုပ်နိုင်ဖို့ ဘေးကင်းလုံခြုံရေးဝန်ထမ်းတစ်ဦး လိုက်ပါစောင့်ကြည့်နေသလို မြို့တော်အနေနဲ့လည်း ယာဉ်ကြောသွားလာမှုကို အထောက်အကူပြုဖို့ လမ်းပိုင်းဆိုင်ရာအာရုံခံကိရိယာတွေ၊ စမတ်မီးပွိုင့်တွေနဲ့ ချိတ်ဆက်စနစ်တွေကို အသုံးပြုထားပါတယ်။

 

ဒေသတွင်းသတင်းတွေအရ နိုဝင်ဘာ ၂၈ ရက်အထိ အဲဒီဘတ်စ်ကားတွေဟာ မြို့တွင်းလှည့်လည်ကြည့်ရှုတဲ့ ခရီးစဉ်ပေါင်း ၆,၈၀၀ ခန့်ကို အောင်မြင်စွာ ပြေးဆွဲနိုင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ နေ့စဉ်မြို့ပြသယ်ယူပို့ဆောင်ရေးမှာ အလိုအလျောက်မောင်းနှင်တဲ့ယာဉ်တွေနဲ့ စမတ်လမ်းပိုင်းနည်းပညာတွေကို ထည့်သွင်းအသုံးပြုဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

 

Ref : Technology Innovation

မူရင်းသတင်း — MyTech Myanmar