Voice of Myanmar

မိုးဗြဲအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ ၃၀ ကျော်ရှိ

နိုဝင်ဘာ ၂၈ ၊ ၂၀၂၆

CC (VOM)

ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်အစပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသ အနောက်ခြမ်းမှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ ၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရ ၃၀ ကျော် ရှိတယ်လို့ သိရပါတယ်။

မိုးဗြဲအနောက်ခြမ်းက လကျီလုံရွာဘက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ သိရပြီး ဆယ်ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူအရေအတွက် ၂၀ ကျော်ရှိကြောင်း စာရင်း အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံက ဆိုပါတယ်။

” လောလောဆယ်သိရတာ ပွဲချင်းပြီးဆုံးတာ ဆယ်ယောက် ရှိတယ်သိရတယ်။ ဒဏ်ရာရသူလည်းများတယ် ။ ” လို့ ဒေသခံက ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစိုးရတပ် သတင်းရင်းမြစ်တွေ ၊ ဆက်စပ်သူတွေကတော့ PDF တွေရှိရာကို တိုက်ခိုက်ခဲ့တာလို့ ပြောဆိုမှုတွေရှိနေပါတယ်။

ကယားပြည်နယ် မော်ချီးဘက်မှာလည်း ဒီညနေ ၃ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရသေးပါဘူး ။

နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူ ၄၀ ကျော်အထိရှိကာ ဒဏ်ရာရသူ များကြောင်း သိရပါတယ်။

ဓာတ်ပုံ – CJ

မူရင်းသတင်း — Voice of Myanmar