NP News

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရေကြီးမှုအတွက် ကြီးမားသော ဘေးအန္တရာယ်ဆိုင်ရာကြေညာချက်တစ်ရပ်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး

Pika (NP News) - နိုဝင်ဘာ ၂၈

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရေကြီးမှုများဖြစ် ပွားခဲ့ပြီးနောက် ဖလော်ရီဒါပြည်နယ်အတွက် ကြီးမားသော ဘေးအန္တရာယ်ဆိုင်ရာကြေညာချက်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က လက်မှတ်ရေး ထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကြေညာချက်အရ (၂၀၂၆)ခုနှစ် အောက်တိုဘာလ(၃၁)ရက်တွင် စတင်ဖြစ်ပွားခဲ့သော ပြင်းထန်သည့်မု န်တိုင်းများနှင့် ရေလွှမ်းမိုးမှုများဒဏ်ကို ခံစားခဲ့ရသည့်ဒေသများနှင့် လူမှုအသိုင်းအဝိုင်းများအတွက် ဖက်ဒရယ် အစိုးရ၏ အကူအညီများကို ရယူနိုင်ပြီဖြစ်ကြောင်း ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင် စီ(FEMA)၏အဆိုအရသိရသည်။ ယင်းကြေညာ ချက်အရ Brevard ၊ Indian River ၊ Martin ၊ Ok­eechobee ၊ Palm Beach နှင့် St. Lucie ကောင်တီ တို့တွင်ရှိသောပြည်သူများသည် ဖက်ဒရယ်အစိုးရ၏ငွေကြေးထောက်ပံ့မှုများကိုရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပေးအပ်မည့်အကူအညီများထဲတွင် ယာ ယီနေထိုင်ရေးနှင့် နေအိမ်ပြုပြင်မွမ်းမံရေးအတွက် ထောက်ပံ့ကြေးများ၊ အာမခံမထားရှိသော ပိုင်ဆိုင်မှု ဆုံးရှုံးမှုများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် တစ်ဦးချင်း သို့မဟုတ် မိသားစုများအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ထိခိုက်ပျက်စီးမှုများကြုံတွေ့ခဲ့ရသည့်ဒေသခံများသည် ဖက်ဒရယ်အစိုးရထံမှ အကူ အညီများမတောင်း ခံမီ ၎င်းတို့၏အာမခံကုမ္ပဏီများထံသို့ လျော်ကြေးတောင်းခံမှုများကို ဦးစွာပြုလုပ်ထား သင့်ကြောင်းပြောကြားထား သည်။ နောက်ထပ်အနေဖြင့် ပြည်နယ်အစိုးရများ၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဒေသတွင်းအ စိုးရများနှင့် အကျိုးအမြတ်မယူသော ပုဂ္ဂလိကအဖွဲ့အ စည်းအချို့အတွက်လည်း အပျက်အစီးရှင်းလင်းရေး နှင့် အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ကုန်ကျစရိတ်မျှဝေခံစားသည့်ပုံစံ ဖြင့် အစိုးရ၏ ငွေကြေးထောက်ပံ့မှုများကို ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအကူအညီအတွက် သတ်မှတ်ထားသော ကောင်တီများမှာ Brev­ard ၊ Hardee ၊ Indian River ၊ Martin ၊ Okee­chobee နှင့် Palm Beach တို့ဖြစ်သည်။ လက်ရှိအချိန်တွင် ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက်အကဲဖြတ်စစ်ဆေးနေဆဲဖြစ်သောကြောင့် ယင်းဘေးအန္တရာယ်ဆိုင်ရာကြေညာချက်တွင် နောက်ထပ် ကောင်တီများကိုလည်း ထပ်မံထည့်သွင်းလာနိုင်ကြောင်း FEMA က ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News