
ဂျကာတာ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သော ၂၉ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ ခေါင်းဆောင်များက ဒီဇင်ဘာ ၁ ရက်တွင် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ (FTA) ၃.၀ အဆင့်မြင့်ပရိုတိုကော အသက်ဝင်လာမည့်အပေါ် ကြိုဆိုခဲ့ကြကာ ယင်းက ဆောင်ကြဉ်းလာသော အခွင့်အလမ်းများကို အပြည့်အဝ ဖမ်းဆုပ်နိုင်ရေးအတွက်လည်း စီးပွားရေးလုပ်ငန်းများအား တိုက်တွန်းအားပေးခဲ့ကြသည်။
ယခုနှစ်သည် ၎င်းတို့ဆွေးနွေးဖက်ဆက်ဆံရေး ၃၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သလို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပဉ္စမမြောက် နှစ်ပတ်လည်လည်းဖြစ်ကြောင်း သိရသည်။
ရှုပ်ထွေး၍ ဆင့်ကဲပြောင်းလဲနေသော နိုင်ငံတကာအခင်းအကျင်းအကြား တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုမှာ လေဆန်ကိုကျော်ဖြတ်၍ ရှေ့ဆက်တိုးတက်လာခဲ့ကာ ခိုင်မာသော မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် ပမာဏပိုင်း တိုးတက်မှုရော အရည်အသွေးပိုင်း မြှင့်တင်မှုများပါ ရရှိခဲ့ကြပြီး စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးများ ပွင့်လန်း၍ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများလည်း တက်ကြွလျက်ရှိကြောင်း ပညာရှင်များနှင့် ကျွမ်းကျင်သူများက ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့ကြသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261127/1f027b05f50a440d8c59b61cd4d08813/c.html


.....................
(English Version)
China, ASEAN join forces to build stronger community with shared future
JAKARTA, Nov. 27 (Xinhua) -- At the 29th China-ASEAN Summit held in the Philippine capital Manila, leaders from China and the Association of Southeast Asian Nations (ASEAN) welcomed the upcoming entry into force of the China-ASEAN Free Trade Area (FTA) 3.0 Upgrade Protocol on Dec. 1, encouraging businesses to fully seize the opportunities it brings.
This year marks the 35th anniversary of their dialogue relations and the fifth anniversary of their comprehensive strategic partnership.
Amid a complex and evolving international landscape, China-ASEAN cooperation has forged ahead against headwinds, achieving both quantitative growth and qualitative upgrades through strengthened strategic mutual trust, booming economic and trade ties, and vibrant people-to-people exchanges, scholars and experts have told Xinhua.
https://english.news.cn/20261127/1f027b05f50a440d8c59b61cd4d08813/c.html
Photo caption 1: An aerial drone photo taken on Aug. 18, 2026 shows the Madao Hub on the Pinglu Canal in Qinzhou City, south China's Guangxi Zhuang Autonomous Region. (Photo by Wang Liang/Xinhua)
Photo caption 2: Actors from Laos pose for photos with exhibitors during the 23rd China-ASEAN Expo in Nanning, south China's Guangxi Zhuang Autonomous Region, Sept. 18, 2026. (Xinhua/Huang Xiaobang)