Xinhua Myanmar

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်း ကောက်နုတ်ချက်

ပါကစ္စတန် ဝန်ကြီးချုပ်က ပါကစ္စတန် အာကာသယာဉ်မှူးနှင့် အာကာသ-မြေပြင် တိုက်ရိုက်စကားပြောဆိုခဲ့ပြီး တရုတ်အာကာသယာဉ်မှူးအဖွဲ့ကိုလည်း နှုတ်ခွန်းဆက်

တရုတ်နိုင်ငံ၏ အာကာသစခန်းသို့ ရောက်ရှိနေပြီး ရှန်ကျိုး-၂၄ လူလိုက်ပါ အာကာသပျံသန်းရေးမစ်ရှင် ထမ်းဆောင်နေသည့် ပါကစ္စတန် အာကာသယာဉ်မှူး မိုဟာမက် ဇီရှန် အလီနှင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်တို့ နိုဝင်ဘာ ၂၈ ရက်က အာကာသ-မြေပြင် တိုက်ရိုက်ဆက်သွယ် စကားပြောဆိုခဲ့ကြောင်း သိရသည်။

ပါကစ္စတန် အာကာသနှင့် ကမ္ဘာ့လေထုအထက်ပိုင်း သုတေသနပြုရေးကော်မရှင် ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်သွယ်ပြောဆိုမှုအတွင်း ဝန်ကြီးချုပ် ရှရစ်ဖ်က တရုတ်နိုင်ငံ၏ ထျန်းကုန်းအာကာသစခန်းပေါ်သို့ ပထမဆုံး ရောက်ရှိခဲ့သော နိုင်ငံခြားသားအာကာသယာဉ်မှူး ဖြစ်လာခဲ့သည့် အလီအား ဂုဏ်ပြုစကား ပြောကြားခဲ့သည့်အပြင် အလီနှင့်အတူ တာဝန်ထမ်းဆောင်နေသော တရုတ်အာကာသယာဉ်မှူးများကိုလည်း လှိုက်လှဲစွာ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အဆိုပြုထားသည့် ညီညွတ်ရေးအစိုးရတွင် အိုင်ဆန်ကော့တ်အား ဝန်ကြီးချုပ်အဖြစ် ဦးစွာတာဝန်ထမ်းဆောင်ခွင့်ပြုရန် ဆန္ဒရှိဟု နေတန်ယာဟု ပြော

အဆိုပြုထားသည့် အမျိုးသားညီညွတ်ရေးအစိုးရတွင် အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့တ်အား ဝန်ကြီးချုပ်အဖြစ် ဦးစွာတာဝန်ထမ်းဆောင်ခွင့်ပြုရန် ဆန္ဒရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး အစိုးရသက်တမ်း အစပိုင်း၌ ၎င်းအနေဖြင့် အလှည့်ကျဝန်ကြီးချုပ် ရာထူးကိုသာ ရယူမည်ဟု ကမ်းလှမ်းခဲ့သည်။

X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ နေတန်ယာဟုက ၎င်း၏ လီကွတ်ပါတီသည် အိုင်ဆန်ကော့တ်၏ ရာရှားပါတီထက် ဆန္ဒမဲ ၂၅၀,၀၀၀ ခန့် ပိုမိုရရှိထားသော်လည်း အကြီးဆုံးပါတီ၏ ခေါင်းဆောင်သာလျှင် အစိုးရအဖွဲ့ကို ဦးဆောင်ရမည်ဟူသော မူဝါဒကို ဘေးဖယ်ထားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးပြီး ၁၁၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ကူနာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအနီးတွင် နိုဝင်ဘာ ၂၈ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ၁၁၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ကနဦး စစ်ဆေးတွေ့ရှိချက်များအရ ပြည်နယ်မြို့တော် အာဆာဒါဘတ်၊ အန်ဒီယာဆာအရပ်ရှိ စာသင်ကျောင်းအနီးတွင် တည်ရှိသော သတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ဖောက်ခွဲရေးပစ္စည်း သိုလှောင်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အယ်လ်ဘေးနီးယားတွင် အစိုးရဆန့်ကျင်ရေး အဓိကရုဏ်း ဆန္ဒပြပွဲအတွင်း လူဒါဇင်နှင့်ချီ ဒဏ်ရာရ

အယ်လ်ဘေးနီးယားနိုင်ငံ မြို့တော် တီရာနာ၌ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ထိပ်တိုက်ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အယ်လ်ဘေးနီးယားနိုင်ငံ၏ ၁၁၄ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည်အခါသမယ၌ နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများက စကန်ဒါဘက်ရင်ပြင်မှ ဝန်ကြီးချုပ်ရုံးဆီသို့ ချီတက်ဆန္ဒပြခဲ့ရာမှ နောက်ပိုင်းတွင် အဓိကရုဏ်းအသွင် ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီ၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် စစ်ဆင်ရေး ၅ ခု ပြုလုပ်ခဲ့ဟု ယီမင်ရှိ ဟူသီအဖွဲ့ ပြော

လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး ၅ ခု လုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာလေဆိပ်တစ်ခု၊ ရေဒါစခန်းများနှင့် အဓိက စွမ်းအင်အဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယီမင်ရှိ ဟူသီအဖွဲ့က နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ပထမဆုံးစစ်ဆင်ရေးမှာ ရီယတ်မြို့ရှိ ဘုရင်ခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ဒုတိယစစ်ဆင်ရေးမှာ ဆော်ဒီနိုင်ငံ အနောက်တောင်ပိုင်းမြို့များဖြစ်သော အဘာနှင့် ခါမစ် မူရှိတ်တို့ရှိ ရေဒါစခန်းနှစ်ခုကို လည်ပတ်နိုင်ခြင်းမရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဟူသီအဖွဲ့ ထိန်းချုပ်ထားသော အယ်လ်-မာဆီရာရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် ကြေညာချက်၌ ဟူသီစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ပြောကြားခဲ့သည်။ (Xinhua)

.................................

(English Version)

Daily World Briefing, Nov. 29

Pakistani PM holds space-ground call with Pakistani astronaut, sends greetings to Chinese crew

Pakistani Prime Minister Shehbaz Sharif on Saturday held a space-ground call with Pakistani astronaut Muhammad Zeeshan Ali, who is now aboard China's space station carrying out the Shenzhou-24 crewed spaceflight mission.

During the call held at the headquarters of Pakistan's Space and Upper Atmosphere Research Commission, Sharif congratulated Ali on becoming the first foreign astronaut to board China's Tiangong space station, while conveying his sincere greetings to Ali's fellow astronauts from China.

Netanyahu says willing to let Eisenkot serve as prime minister first in proposed unity gov't

Israeli Prime Minister Benjamin Netanyahu said Saturday that he was willing to let opposition leader Gadi Eisenkot serve first as prime minister in a proposed national unity government, offering to take the post of alternate prime minister at the start of its term.

In a statement posted on social media platform X, Netanyahu said he was prepared to set aside the principle that the leader of the largest party should head the government, despite Likud having received about 250,000 more votes than Eisenkot's Yashar party.

Explosion near school kills 10, injures over 110 in eastern Afghanistan

At least 10 people were killed and more than 110 others injured in an explosion near a school in eastern Afghanistan's Kunar province on Saturday, the Ministry of Interior Affairs announced.

According to the ministry, preliminary findings showed the blast occurred at an explosives storage site belonging to mining companies near the school in the Andir Sir area of Asadabad, the provincial capital.

Dozens injured in violent anti-government protest in Albania

At least 35 people were injured during an anti-government protest in Albania's capital Tirana on Saturday, as clashes broke out between demonstrators and police, according to Albanian media reports.

The nationwide protest, held on the 114th anniversary of Albania's independence, turned violent after demonstrators marched from Skanderbeg Square towards the Prime Minister's Office.

Yemen's Houthis claim 5 operations targeting Saudi infrastructure

Yemen's Houthi group said Saturday that it had carried out five military operations against Saudi Arabia over the past 48 hours, targeting an international airport, radar installations and major energy facilities.

In a televised statement aired by Houthi-run al-Masirah TV, Houthi military spokesperson Yahya Sarea said the first operation targeted King Khalid International Airport in Riyadh, while the second allegedly disabled two radar installations in the southwestern cities of Abha and Khamis Mushait.

မူရင်းသတင်း — Xinhua Myanmar