NP News

ဥရောပတစ်ဝန်းရှိနယ်မြေများအပေါ် စစ်ရေးကျူးကျော်မှုများကို နောက်ဆုတ်ရန် ရုရှားကို အမေရိကန်သမ္မတတိုက်တွန်းတောင်းဆို

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉

ယူကရိန်းစစ်ပွဲကို အမြန်ဆုံး ပြေလည်မှုရရှိစေရန် မျှော်လင့်ချက်ဖြင့် ဥရောပတစ်ဝန်းရှိ နယ်မြေများအပေါ် ရုရှား၏ စစ်ရေးကျူးကျော်မှုများကို နောက်ဆုတ်သွားစေလိုကြောင်း ပြီးခဲ့သည့်သီတင်းပတ်က
ရုရှားသမ္မတ ပူတင်ကို ပြောကြားခဲ့သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ထုတ်ဖော်ပြောဆိုလိုက်သည်။

သမ္မတထရမ့် က "တရုတ်နိုင်ငံမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကျွန်တော် ဆွေးနွေးခဲ့စဉ်အတွင်း၊ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခု ရရှိနိုင်ဖို့နဲ့ အမြန်ဆုံး ရရှိနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဥရောပတစ်ဝန်းရှိ နယ်မြေတွေအပေါ် စစ်ရေးကျူးကျော်မှုအားလုံးကို သမ္မတပူတင် နောက်ဆုတ်သွားစေလိုတယ်ဆိုတဲ့အချက်ကို အချိန်တော်တော်ကြာအောင် ဆွေးနွေးခဲ့ပါတယ်။
ဒါဟာ ဖြစ်နိုင်ခြေ အလွန်များတယ်လို့ ကျွန်တော် တကယ်ယုံကြည်ပါတယ်။ လစဉ် လတိုင်း လူထောင်ပေါင်းများစွာ သေဆုံးနေကြရပြီး အလုံးစုံ သွေးချောင်းစီးမှုကြီး ဖြစ်နေပါတယ်" ဟု ဆိုသည်။

သမ္မတထရမ့်သည် ယူကရိန်းစစ်ပွဲကို ညှိနှိုင်းဆွေးနွေးမှုဖြင့် အဆုံးသတ်ရန် မကြာခဏ တိုက်တွန်းခဲ့သော်လည်းဥရောပတစ်ဝန်းရှိ နယ်မြေများ ဆိုသည့် စကားရပ်က ယူကရိန်းစစ်မြေပြင်ထက် ကျော်လွန်သော နယ်မြေများကို ညွှန်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။သမ္မတပူတင်အား မည်သည့်လုပ်ရပ်မျိုးကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်ကိုမူ အမေရိကန်သမ္မတထရမ့်က အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိခဲ့ကြောင်းသိရသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲဖြစ်ပွားခဲံပြီးနောက် ဥရောပရှိ
အခြားနိုင်ငံများက ရုရှား၏ အပြုအမူများအတွက် ရန်လိုသော လုပ်ရပ်များအဖြစ် စွပ်စွဲခဲ့သည်။
အမေရိကန်သမ္မတက သမ္မတပူတင်သည် သဘောတူညီချက်တစ်ခုပြုလုပ်လိုကြောင်း သို့သော် ရုရှားသမ္မတနှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့အကြား ရန်ငြိုးရန်စရှိမှုက ညှိနှိုင်းမှုများကို ခက်ခဲစေခဲ့ကြောင်း ပြောဆိုခဲ့သည်။

မူရင်းသတင်း — NP News