
ပုလဲ (NP News) - နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေသည့် နိုင်ငံသား အမျိုးသမီး (၃) ဦးအား ရီရတ်ဒ်မြို့မှ ကူညီပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (နိုဝင်ဘာ ၂၉ရက်)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား အမျိုးသမီး (၃) ဦးနှင့်ပတ်သက်၍ ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ၎င်းတို့ကို နိုဝင်ဘာ (၂၃) ရက်က ရီရတ်ဒ်-ဂျဒါး-ဒိုဟာ-ဗန်ကောက်-ရန်ကုန် ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။