Xinhua Myanmar

တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံ ရန်ရန်အား ဘယ်လ်ဂျီယမ်နိုင်ငံက ကြိုဆို

တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံ ရန်ရန်ကို တင်ဆောင်လာသော လေယာဉ် ဘယ်လ်ဂျီယမ်နိုင်ငံ ဇာဗင်တန်မြို့ရှိ ဘရပ်ဆဲလ်လေဆိပ်သို့ ရောက်ရှိလာပြီးနောက် ဧည့်သည်များ ကြိုဆိုရေးဆိုင်းဘုတ် ပြသနေပုံကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ရောက်ရှိလာသည့် ပန်ဒါဝက်ဝံ ရန်ရန်အား ကြိုဆိုသည့် အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ဘရပ်ဆဲလ်လေဆိပ်၌ ကျင်းပခဲ့ပြီး ယင်းမှာ ပန်ဒါဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနပြုရေးဆိုင်ရာ တရုတ်-ဘယ်လ်ဂျီယမ် ပူးပေါင်းဆောင်ရွက်မှုတွင် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

အသက် ၉ နှစ်အရွယ် ပန်ဒါဝက်ဝံမလေး ရန်ရန်ကို ဘယ်လ်ဂျီယမ်နိုင်ငံ၊ Brugelette မြို့ရှိ Pairi Daiza တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ထားရှိမည်ဖြစ်ပြီး ယင်းနေရာတွင် ရှင်းဟွေ့  အမည်ရှိ ပန်ဒါဝက်ဝံအထီးနှင့် အတူတကွ နေထိုင်သွားမည် ဖြစ်သည်။

တရုတ်-ဘယ်လ်ဂျီယမ် ချစ်ကြည်ရေးတွင် ပန်ဒါဝက်ဝံများသည် အစဉ်အမြဲ အထူးနေရာတစ်ခု ရယူထားကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု ၅၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်းနှင့် ရန်ရန် ရောက်ရှိလာခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဂုဏ်ပြုသည့် လက်ဆောင်တစ်ခု ဖြစ်ကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယာယီသံရုံးတာဝန်ခံ လီယန်က အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

၁၂ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုသည် ဘယ်လ်ဂျီယမ်ကလေးငယ်များအတွက် ကြည်နူးဖွယ်ကောင်းသော ငယ်ဘဝအမှတ်တရများကို ပေးစွမ်းနိုင်ခဲ့ကြောင်း Pairi Daiza တိရစ္ဆာန်ဥယျာဉ်၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ Eric Domb က ပြောကြားခဲ့သည်။ ထို့ပြင် ပန်ဒါဝက်ဝံများနှင့် ၎င်းတို့၏ နေထိုင်ကျက်စားရာ သဘာဝပတ်ဝန်းကျင်များကို ကာကွယ်စောင့်ရှောက်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ၎င်းက ချီးကျူးဂုဏ်ပြုခဲ့သည်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၁၅ နှစ်ကြာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ ပန်ဒါဝက်ဝံ နှစ်ကောင်ဖြစ်သည့် ဟောက်ဟောက်နှင့် ရှင်းဟွေ့ တို့သည် ဘယ်လ်ဂျီယမ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ Pairi Daiza တိရစ္ဆာန်ဥယျာဉ်တွင် နေထိုင်စဉ်အတွင်း ဟောက်ဟောက်သည် ထျန်းပေါင် နှင့် အမြွှာညီအစ်မများဖြစ်သည့် ပေါင်တိနှင့် ပေါင်မေ တို့အပါအဝင် ပန်ဒါဝက်ဝံကလေး သုံးကောင်ကို မွေးဖွားခဲ့သည်။

ဘယ်လ်ဂျီယမ်နိုင်ငံဖွား ပန်ဒါဝက်ဝံသုံးကောင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး ၎င်းတို့၏ မိခင်ဖြစ်သူ ဟောက်ဟောက်မှာလည်း ဆေးကုသမှုခံယူရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထပ်မံပြန်လည်ရောက်ရှိခဲ့သည်။ ရန်ရန် ရောက်ရှိလာခြင်းနှင့်အတူ Pairi Daiza တိရစ္ဆာန်ဥယျာဉ်တွင် ပန်ဒါဝက်ဝံ တစ်စုံ ထပ်မံရှိလာပြီ ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ တရုတ်နိုင်ငံ ပန်ဒါဝက်ဝံ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသနဗဟိုဌာန၏ ဝေါလုံ ရှန်ရှူဖျင် အခြေစိုက်စခန်း၌ ပန်ဒါဝက်ဝံ ရန်ရန်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

Belgium welcomes giant panda Ran Ran from China

BRUSSELS, Nov. 28 (Xinhua) -- A welcome ceremony for giant panda Ran Ran from China was held at Brussels Airport on Saturday morning, marking a new chapter in cooperation between China and Belgium on giant panda conservation and research.

Ran Ran, a nine-year-old female panda, will be transferred to Pairi Daiza, a zoo in Brugelette, Belgium, where she will join a male panda called Xing Hui.

Li Yan, charge d'affaires of the Chinese Embassy in Belgium, said at the ceremony that giant pandas have always held a special place in the friendship between China and Belgium. This year marks the 55th anniversary of diplomatic relations between the two countries, and Ran Ran's arrival is a gift celebrating the friendship between the two countries.

Eric Domb, founder and chairman of Pairi Daiza, said the 12-year partnership had given Belgian children wonderful childhood memories. He also paid tribute to China's efforts to protect giant pandas and their habitats.

In February 2014, two giant pandas, Hao Hao and Xing Hui, arrived in Belgium under a 15-year bilateral cooperation agreement. During her stay at Pairi Daiza, Hao Hao gave birth to three cubs -- Tian Bao and twins Bao Di and Bao Mei.

The three Belgian-born pandas returned to China in December 2024, followed by their mother Hao Hao in December 2025 for medical treatment. With the arrival of Ran Ran, Pairi Daiza will once again be home to a pair of giant pandas.

Photo Caption 1 :Guests display a welcome banner after an aircraft carrying giant panda Ran Ran from China arrives at Brussels Airport in Zaventem, Belgium, Nov. 28, 2026. (Xinhua/Lyu You)

Photo Caption 2 :This photo taken on Nov. 27, 2026 shows giant panda Ran Ran at the Wolong Shenshuping base of the China Conservation and Research Center for the Giant Panda in southwest China's Sichuan Province. (Xinhua)

မူရင်းသတင်း — Xinhua Myanmar