Pika (NP News) - နိုဝင်ဘာ ၂၉
Grand Theft Auto VI ဂိမ်းကို စတင်ရောင်းချသည့်ပထမဆုံးနေ့တွင်ပင် အမေရိကန်ဒေါ် လာ (၃ ဒသမ ၇၉)ဘီလျံဖိုးအထိရောင်းချနိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ကြောင်း ဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီ Rockstar Games ကပြောကြားခဲ့သည်။ အဆိုပါအချက်က (၁၃)နှစ်ကြာပြီးနောက် အသစ်ထွက်ရှိလာခဲ့သည့် Grand Theft Auto VI ဂိမ်းအပေါ် ဂိမ်းဝါသနာရှင်များ၏ ကြီးမားလှသောအား ပေးမှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
ထို့ပြင် ဂိမ်းမထွက်ရှိမီ ကြိုတင်မှာယူမှုများ မှတစ်ဆင့် ယူနစ်ပေါင်း (၃၂ ဒသမ ၅)သန်းရောင်း ချနိုင်ခဲ့ပြီး ပလက် ဖောင်းအမျိုးမျိုးတွင် စံချိန်သစ်တစ် ခုကိုတင်နိုင်ခဲ့ကြောင်းလည်းသိရသည်။ Rockstar Games ကုမ္ပဏီ၏ဥက္ကဋ္ဌ နှင့်တည်ထောင်သူ Sam Houser က “ကမ္ဘာတစ်ဝန်းက ဂိမ်းကစားသူတွေဆီ ကနေရရှိလာတဲ့တုံ့ပြန်မှုတွေအတွက် ကျွန်တော်တို့တကယ်ကိုဝမ်းသာမိပါတယ်။ ပြီးတော့ ဒီလိုမျိုး အောင်မြင်မှုအခိုက်အတန့်ကို အားလုံးနဲ့မျှဝေခံစားခွင့် ရတဲ့အတွက်လည်း တကယ်ကိုစိတ်လှုပ်ရှား ပျော်ရွှင် မိပါတယ်” ဟုပြောဆိုခဲ့သည်။
(၂၀၁၃)ခုနှစ်တွင်ထွက်ရှိခဲ့သော Grand Theft Auto VI ဂိမ်းသည် စတင်ရောင်းချသည့် ပထမဆုံး(၃)ရက် အတွင်း အမေရိကန်ဒေါ်လာ(၁)ဘီလျံဖိုးအထိရောင်းချနိုင်ခဲ့ပြီး GTA V သည် ကမ္ဘာတစ်ဝန်းတွင် ယူနစ်ပေါင်းသန်း(၄၇၀) ကျော် ရောင်းချခဲ့ရကာ သမိုင်းတစ်လျှောက် အရောင်းရဆုံးဗီဒီယို ဂိမ်းများထဲမှ တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရသည်။
ဈေးကွက်သုတေသနလုပ်ငန်း Sensor Tower ၏ခန့်မှန်းချက်အရ GTA VI သည် ယူနစ် ပေါင်း (၂၄ ဒသမ ၆) သန်းရောင်းချရမှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ (၂ ဒသမ ၃၆) ဘီလျံ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန်တွင် Grand Theft Auto ဂိမ်း၏ ပုံမှန်ဗားရှင်းတစ်ခုကို အမေရိကန်ဒေါ်လာ(၈၀) ခန့်ဖြင့် ရောင်းချလျက်ရှိ ကြောင်းလည်းသိရသည်။

zawgyi version
စထွက်သည့်နေ့တွင်ပင် အမေရိကန်ဒေါ်လာ (၃ ဒသမ ၇၉)ဘီလျံဖိုး ရောင်းချခဲ့ရသည့် Grand Theft Auto VI ဂိမ်း