Xinhua Myanmar

အီရန်နိုင်ငံက အမေရိကန်ကို တိုက်ခိုက်ရာတွင် အီလွန်မက်စ်၏ Starlink ဂြိုဟ်တုအင်တာနက်စနစ်ကို အသုံးပြုခဲ့ကြောင်း သတင်းဌာနများ ဖော်ပြ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ Cape Canaveral အာကာသစခန်းမှ SpaceX Falcon 9 ဒုံးပျံတစ်စင်းဖြင့် Starlink ဂြိုဟ်တုများကို ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်က လွှတ်တင်နေစဉ် (Photo credit: SpaceX)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်သည် ၎င်း၏ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို တီဟီရန်နှင့် ပင်တဂွန်စစ်ဌာနချုပ်တို့က ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေကြောင်း မတ်လအစောပိုင်းတွင် သိရှိရသည့်အခါ အလွန်ဒေါသထွက်ခဲ့သည်ဟု The Washington Post သတင်းစာက ကိစ္စရပ်နှင့် နီးစပ်သူများကို ကိုးကား၍ နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းဖော်ပြချက်အရ မတ်လ ပထမပတ်တွင် မက်စ်သည် ၎င်း၏ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို "ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသည့် ဖြစ်ရပ်နှစ်ခု" ရှိကြောင်း သိရှိခဲ့ရသည်။ အီရန်နိုင်ငံသည် အမေရိကန်တပ်ဖွဲ့များကို စစ်ရေးအရ တိုက်ခိုက်ရန်အတွက် Starlink စနစ်ကို အသုံးချနေကြောင်း ၎င်း၏အဖွဲ့က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်စစ်တပ်သည်လည်း Starlink ၏ စစ်ဘက်သုံးဗားရှင်းဖြစ်သည့် Starshield ကို အသုံးပြု၍ ဒရုန်းများကို ပျံသန်းစေခဲ့သော်လည်း၊ မြေပြင်စစ်ဆင်ရေးများအတွက်သာ ရည်ရွယ်ထားသည့် ဈေးနှုန်းသက်သာသော ဝန်ဆောင်မှုအစီအစဉ်ကို အသုံးပြုနေခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။

မတ်လ ၁ ရက်တွင် အီရန်၏ ဒရုန်းတိုက်ခိုက်မှုတစ်ခုသည် ကူဝိတ်နိုင်ငံ၊ Port Shuaiba ရှိ အမေရိကန် စစ်စခန်းတစ်ခုကို ထိမှန်ခဲ့သည်။ ထိုဖြစ်ရပ်ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပင် SpaceX ကုမ္ပဏီသည် တစ်နာရီလျှင် မိုင် ၁၀၀ (တစ်နာရီလျှင် ကီလိုမီတာ ၁၆၁ ခန့်) ထက် ပိုမိုမြန်ဆန်စွာ ပျံသန်းနေသော လေယာဉ်များအတွက် အသုံးပြုသူ၏ အထောက်အထားကို စိစစ်အတည်ပြုရန် လိုအပ်ချက်များကို သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

………………………………………………………………………..

(English version)

Iran used Musk's Starlink to help wage attacks against U.S.: media

WASHINGTON, Nov. 28 (Xinhua) -- SpaceX CEO Elon Musk was enraged to learn of unauthorized uses of his satellite internet service by both Tehran and the Pentagon in early March, The Washington Post said Saturday, citing people familiar with the matter.

According to the report, Musk learned about "two unauthorized uses of his satellite internet service" in the first week of March. His team said Iran was exploiting Starlink to wage its military campaign against U.S. forces. Meanwhile, the U.S. military was flying drones on the militarized version of Starlink, called Starshield -- but was using a cheaper plan that was supposed to be only for ground operations, a person said on condition of anonymity.

On March 1, an Iranian drone strike hit a U.S. military facility in Port Shuaiba, Kuwait. Within hours, SpaceX imposed identity-verification requirements for aircraft flying more than 100 mph (about 161 km per hour), the report said. ■

Photo caption: A SpaceX Falcon 9 rocket launches Starlink satellites into orbit at Cape Canaveral Space Force Station in Florida, the United States, June 23, 2023. (Photo credit: SpaceX)

မူရင်းသတင်း — Xinhua Myanmar