ပေကျင်း၊ စက်တင်ဘာ ၂၁
တရုတ်နိုင်ငံ၏ အာကာသစခန်းမှ စတုတ္ထအကြိမ်မြောက် သင်ခန်းစာများ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ရှန်ကျိုး ၁၆ အာကာသယာဉ်မှူး Jing Haipeng၊ Zhu Yangzhu နှင့် Gui Haichao တို့က စက်တင်ဘာ ၂၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ ကျောင်းသားများအား သင်ခန်းစာများ သင်ကြားခဲ့သည်။
ပေကျင်းရှိ Beihang တက္ကသိုလ် အပါအဝင် မြေပြင်ပေါ်တွင် စာသင်ခန်း ငါးခန်းပြင်ဆင်ထားသည်။ အာကာသ ယာဉ်မှူးများက အာကာသအတွင်းမှ ၎င်းတို့၏ လုပ်ငန်းခွင်ကို ကျောင်းသားများအား ပြသခဲ့ပြီး ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
ယခုပို့ချချက်သည် တိုင်ဂွန်အာကာသစခန်း၏ မန်တိန်းဓာတ်ခွဲခန်း module မှ ပို့ချသော ပထမဆုံး သိပ္ပံပို့ချချက်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
တရုတ်နိုင်ငံ၏ အာကာသစခန်းမှ စတုတ္ထအကြိမ်မြောက်သင်ခန်းစာ တိုက်ရိုက်ပို့ချ
ပေကျင်း၊ စက်တင်ဘာ ၂၁
တရုတ်နိုင်ငံ၏ အာကာသစခန်းမှ စတုတ္ထအကြိမ်မြောက် သင်ခန်းစာများ တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ရှန်ကျိုး ၁၆ အာကာသယာဉ်မှူး Jing Haipeng၊ Zhu Yangzhu နှင့် Gui Haichao တို့က စက်တင်ဘာ ၂၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ ကျောင်းသားများအား သင်ခန်းစာများ သင်ကြားခဲ့သည်။
ပေကျင်းရှိ Beihang တက္ကသိုလ် အပါအဝင် မြေပြင်ပေါ်တွင် စာသင်ခန်း ငါးခန်းပြင်ဆင်ထားသည်။ အာကာသ ယာဉ်မှူးများက အာကာသအတွင်းမှ ၎င်းတို့၏ လုပ်ငန်းခွင်ကို ကျောင်းသားများအား ပြသခဲ့ပြီး ကျောင်းသားများ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
ယခုပို့ချချက်သည် တိုင်ဂွန်အာကာသစခန်း၏ မန်တိန်းဓာတ်ခွဲခန်း module မှ ပို့ချသော ပထမဆုံး သိပ္ပံပို့ချချက်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
မူရင်းသတင်း — Myanmar Digital Newspaper