Myanmar Digital Newspaper

တိုကျိုမြို့၌ မောင်းသူမဲ့ဘတ်စ်ကားများစတင်စမ်းသပ်ပြေးဆွဲ

  တိုကျို၊ အောက်တိုဘာ ၂   တိုကျိုမြို့တွင် ခရီးသည်များကိုတင်ဆောင်ကာ တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းဖြင့် အမြန် မောင်းနှင်နိုင်သော မောင်းသူမဲ့ဘတ်စ်ကားကို စတင်စမ်းသပ်ပြေးဆွဲနေပြီဖြစ်သည်။   အောက်တိုဘာ ၂ ရက်တွင် စတင်ခဲ့သော မောင်းသူမဲ့ကား စမ်းသပ်ပြေးဆွဲမှုများသည် ဘတ်စ်ကား ယာဉ်မောင်းများ ရှားပါးမှုကို ဖြေရှင်းရန် တိုကျို၏ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။   ဘတ်စ်ကားသည် မြို့တော်အစိုးရ၏ အဆောက်အအုံနှစ်ခုနှင့် ရှင်ဂျင်ကုဘူတာရုံကို ဆက်သွယ်ပေးသည့် ပုံမှန်လမ်းကြောင်းပေါ်တွင် ပြေးဆွဲခဲ့သည်။ ခရီးသည်များ ဘေးကင်းစေရန်ထိုင်ခုံ ၁၈ လုံးသာရှိပြီး စီးနင်းသူများသည် အွန်လိုင်းမှ လက်မှတ်မှာယူရကြောင်း သိရသည်။   ၎င်းဘတ်စ်ကားများကို စမ်းသပ်စစ်ဆေးခြင်းအား အောက်တိုဘာ ၁၃ ရက်အထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။ မောင်းသူမဲ့ ဘတ်စ်ကားကို ယာဉ်ကြောပိတ်ဆို့မှုများသော နေရာများတွင် အဆင်ပြေစွာ သုံးစွဲနိုင်ရေးအတွက် အထူးလမ်းများထားရှိမည်ဖြစ်သည်။   ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - စိုးသူရ

မူရင်းသတင်း — Myanmar Digital Newspaper