Myanmar Digital Newspaper

အိန္ဒိယနိုင်ငံက ၂၀၄၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူး စေလွှတ်မည်

နယူးဒေလီ အောက်တိုဘာ ၁၈ အာကာသယာဉ်မှူးတစ်ဦးကို ၂၀၄၀ ပြည့်နှစ်တွင် လပေါ်သို့ စေလွှတ်ရန် စီစဉ်ထားကြောင်း အိန္ဒိယအစိုးရက အောက်တိုဘာ   ၁၇ ရက်တွင် ပြောကြားသည်။  ပထမဆုံးနိုင်ငံဖြစ်လာ အိန္ဒိယနိုင်ငံသည် လဆင်းအာကာသယာဉ်ကို ဩဂုတ်လတွင် လ၏တောင်ဝင်ရိုးစွန်းအနီး ဆင်းသက်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့သည်။  ယင်းသို့အောင်မြင်ပြီးနောက် အိန္ဒိယနိုင်ငံသည် နေကိုလေ့လာရန် ဒုံးပျံတစ်စင်းကို လွှတ်တင်ခဲ့သည်။ Bharatiya Antariksha Station ဟု အမည်ရသည့် အိန္ဒိယအာကာသစခန်းကို ၂၀၃၅ ခုနှစ်တွင် တည်ထောင်ရန်နှင့် ၂၀၄၀ ပြည့်နှစ်တွင် ပထမဆုံး အိန္ဒိယ အာကာသယာဉ်မှူးကို လကမ္ဘာသို့စေလွှတ်ခြင်းအပါအဝင် ရည်မှန်းချက်သစ်များ ချမှတ်သင့်သည်ဟု ဝန်ကြီးချုပ်မိုဒီက ညွှန်ကြားခဲ့သည်။  ၎င်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အာကာသဌာနသည် လရှာဖွေရေး လမ်းပြမြေပုံကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။   ထို့ပြင် သောကြာဂြိုဟ်နှင့် အင်္ဂါဂြိုဟ်သို့ လေ့လာရေးမစ်ရှင်များ စေလွှတ်ရန် သိပ္ပံပညာရှင်များကို မိုဒီက ညွှန်ကြားထားသည်။ ကိုးကား - စီဂျီတီအင်န် ဘာသာပြန် - စိုးသူရ  

မူရင်းသတင်း — Myanmar Digital Newspaper