Myanmar Digital News

အီရန်နိုင်ငံ၏ (၂၄) ကြိမ်မြောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ နိုင်ငံတကာပြပွဲ စတင်ဖွင့်လှစ်

  တီဟီရန်၊ ဒီဇင်ဘာ   ၂၄   အီရန်နိုင်ငံ၏ (၂၄) ကြိမ်မြောက် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နည်းပညာနှင့် ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ  နိုင်ငံတကာပြပွဲကို မြို့တော်တီဟီရန်၌  ယမန်နေ့က   စတင်ဖွင့်လှစ် ပြသခဲ့ကြောင်း သိရသည်။   အီရန်   TELECOM 2023 ပြပွဲတွင် ပြည်တွင်းကုမ္ပဏီ ၁၅၅   ခုကျော်နှင့် နိုင်ငံတကာ ကုမ္ပဏီအများအပြား ပါဝင်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း တရားဝင် Mehr သတင်းဌာနက   သတင်းဖော်ပြသည်။   ပြသသွားမည်   ပြပွဲအတွင်း နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းပညာရပ်ဆိုင်ရာအောင်မြင်မှုများကို အလုပ်ရုံဆွေးနွေးပွဲများနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးများကျင်းပကာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။   တရုတ်၊ ရုရှား၊ တာ့ခ်မင်နစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ တူကီယဲ၊ အာဖဂန် နစ္စတန်နှင့် အာမေးနီးယားနိုင်ငံတို့ အပါအဝင် နိုင်ငံကိုးနိုင်ငံမှ ကိုယ်စားလှယ် ၃၀ ခန့်သည် ပြပွဲသို့  တက်ရောက်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။   နည်းပညာအခြေခံနှင့် ဆန်းသစ်တီထွင်သည့်ကုမ္ပဏီများ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ စက်မှုဥယျာဉ်များနှင့် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲထုတ်လုပ်သည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ  ပါဝင်ကြောင်း တရားဝင်သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြသည်။ ကိုးကား - ဆင်ဟွာ ဘာသာပြန် - အောင်ကျော်ကျော်  

မူရင်းသတင်း — Myanmar Digital News