Sports Myanmar

မန်ယူနိုက်တက် နဲ့ ပွဲမှာ ပရိသတ်တွေအတွက် အနိုင်ရအောင် ကစားသွားမယ်လို့ ဖွင့်ဟလာတဲ့ အော်ဒီဂတ်

မနက်ဖြန် မနက် အစောပိုင်းမှာ ကစားရမယ့် မန်ယူနိုက်တက် နဲ့ ပွဲဟာ ချစ်ကြည်ရေး ခြေစမ်းပွဲ ဖြစ်ပေမယ့် လာရောက် အားပေး ကြည့်ရှု့ကြမယ့် ပရိသတ်တွေ အတွက် အနိုင် ကစားသွားမယ်လို့ အာဆင်နယ် အသင်းရဲ့ ကပ္ပတိန် အော်ဒီဂတ် က ကြွေးကြော် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် နှင့် မန်ယူနိုက်တက် ဟာ လော့စ်အိန်ဂျလစ် မှာ ခြေစမ်းပွဲ ကစားကြမှာ ဖြစ်ပြီး အဆိုပါ ပွဲကို လာရောက်ကြည့်ရှု့မယ့် ဂန်းနားတွေ သောင်းကျော် ရှိနေပါတယ် ။ မန်ယူနိုက်တက် နဲ့ ခြေစမ်းပွဲ အတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အော်ဒီဂတ် က ” ပွဲတွေ ကစားတဲ့ အချိန်တိုင်းမှာ ကျနော်တို့ အနေနဲ့ အနိုင်ရဖို့ကိုပဲ ဦးတည် ကစားပါတယ်။ မနက်ဖြန်မှာ ကစားမယ့် ပွဲမှာလည်း အဲ့ဒီအတိုင်းပဲ ကစားသွားမှာပါ ။ ”

” ကျနော်တို့ သေချာပြင်ဆင် လေ့ကျင့်နေသလို ပွဲတွေ အားလုံးကို လည်း အနိုင် ကစားသွားပါမယ် ။ ယူနိုက်တက် လို အစဉ်အလာ ပြိုင်ဘက် နဲ့ ဆိုတော့ ပွဲကောင်း တစ်ပွဲ ဖြစ်မှာ သေချာပါတယ် ၊ ကျနော်တို့ ဒီပွဲကို ကစားနေကြ ပွဲတစ်ပွဲလိုပဲ အာရုံစိုက် ပြင်ဆင် ကစားသွားမှာပါ ။ ”

” ဒီမှာ ရှိနေတဲ့ ပရိသတ်တွေနဲ့ ထိတွေ့ဆက်ဆံခွင့် ရတာ တကယ် ကောင်းပါတယ် ။ ဒီက ပရိသတ်တွေ အနေနဲ့ အချိန်ကွာခြားချက်ကြောင့် ကျနော်တို့ရဲ့ပွဲတွေကို ကြည့်ဖို့ အိပ်ယာကနေ အစောကြီး ထရတယ်ဆိုတာ သိပါတယ် ၊ ဒါကြောင့် ဒီလို ကွင်းကောင်းကြီးမှာ လာကြည့်တဲ့ ပရိသတ်တွေအတွက် တခုခု ပြန်ပေးချင်ပါတယ် ၊ ကျနော်တို့ အားလုံး ရင်ခုန် စိတ်လှုပ်ရှားနေကြသလို ပရိသတ်တွေအတွက် အနိုင်ရလဒ် ယူဆောင် နိုင်ဖို့လည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar