
ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်း ကနေ ဆောက်သမ်တန် အသင်း ကို ပေါင် ၂၅ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ရမ်စ်ဒေးလ် ဟာ ဒီတစ်ပတ်မှာတော့ အမ်းမရိတ်ကို ပြန်လာပြီး အသင်းဟောင်း အာဆင်နယ် အသင်း နဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ် ။
ဥရောပ ထိပ်သီး လိဂ် ၅ခုမှာ တည်ကန်ဘော ကနေ သွင်းဂိုး အများဆုံး ရယူထားနိုင်တဲ့ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ရမယ့်ပွဲမှာ ဂန်းနားဟောင်း ရမ်စ်ဒေးလ် ရှိနေခြင်းဟာ ဆောက်သမ်တန် အတွက် အာဆင်နယ် အသင်းရဲ့ Set-Piece တွေကို ကာကွယ်ရာမှာ အားသာချက် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမဲ့လည်း အဆိုပါ အချက်ကို သူ ထည့်သွင်း စဉ်းစားထားပြီး ဖြစ်ကြောင်း အာတီတာ က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

” ကျနော်တို့ အနေနဲ့ mind game အချို့ ကစားသွားမှာပါ ၊ ဆောက်သမ်တန် ဘက်ကလည်း ကျနော် တို့ရဲ့ အားသာချက် နဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးသား ဖြစ်မှာပါ ၊ အသင်းက ကစားသမားဟောင်း ရှိနေတဲ့ အသင်း နဲ့ ရင်ဆိုင် ကစားရတာ ဒါ ပထမဆုံး အကြိမ်လည်း မဟုတ်ပါဘူး ၊ ဒါမျိုးက ပုံမှန် ဖြစ်ပျက်နေကြပါပဲ ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို နားလည် သဘောပေါက်ဖို့ နှင့် လုပ်နေကြ အရာတွေကို ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ် ။ ”
ဆက်လက်ပြီး အာတီတာ က ရမ်စ်ဒေးလ် နဲ့ ပြန်လည် ရင်ဆိုင်ရမယ့် အပေါ် ” သူ ဆောက်သမ်တန် ကို ပြောင်းတော့မယ်လို့ သတင်းကြားရချိန်မှာပဲ ကျနော် သူ့ကို ချက်ချင်း ဖုန်းခေါ် ဖြစ်ခဲ့ပါတယ်။ သူ တကယ် ပျော်နေခဲ့တာပါ ၊ သူက ကျနော်တို့အားလုံး ချစ်တဲ့ ကစားသမား တစ်ဦးပါ ၊ အသင်းမှာလည်း သူ့ရဲ့ မှတ်တိုင် ကို ချန်ထား နိုင်ခဲ့ပါတယ် ၊ သူ နဲ့ ပြန်ဆုံရတာက တကယ့်ကို ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ် ။ ”
SM