
လန်ဒန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာ ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို အဝေးကွင်းတွင် ၀-၄ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သဖြင့် ယူနိုက်တက်နည်းပြသစ်အဖြစ် ပထမဆုံး ကိုင်တွယ်ခဲ့သည့် မော်ရီစီယို ပိုချက်တီနိုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ရသည်။
အဆိုပါ အာဂျင်တီးနားနိုင်ငံသား နည်းပြမှာ နိုဝင်ဘာ ၁၈ ရက်ရောက်မှသာ မန်ချက်စတာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ အသင်းသစ်နှင့်အတူ လေ့ကျင့်ပြင်ဆင်ချိန် အနည်းငယ်သာ ရရှိခဲ့သော်လည်း ပွဲကစားချိန် ၁၃ မိနစ်အတွင်းမှာပင် ပွဲအဖြေထွက်ပေါ်လုနီးပါး ဖြစ်သွားလိမ့်မည်ဟု လုံးဝမျှော်လင့်ထားခဲ့မည် မဟုတ်ပေ။
ပွဲချိန် ၈ မိနစ်တွင် လီဗာပူးလ်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ် ထိုးဖောက်ဂိုးသွင်းနိုင်ရန် ကြိုးပမ်းနေစဉ် ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် လန်နီ ယိုရို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်တို့ ၁၀ ဦးတည်းဖြင့် ဆက်လက်ကစားခဲ့ရသလို အဆိုပါ ပြစ်ဒဏ်ဘောမှတစ်ဆင့် ဒေါမနစ် ဆိုဘော့ဇ်လိုင်က ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယူနိုက်တက်အတွက် နှစ်ထပ်ကွမ်း နစ်နာစရာဖြစ်ခဲ့ရသည်။
ပွဲချိန် ၁၃ မိနစ်တွင် ရီယို အန်ဂူမိုဟာ၏ ဖြတ်တင်ဘောမှတစ်ဆင့် ဖလော်ရီယန်ဗက်ဇ်က မြေမကျကန်သွင်းကာ ၂-၀ ဂိုး ဖြစ်စေခဲ့သလို ၆၆ မိနစ်တွင် ဘရက်ဒလေ ဘာကိုလာ တစ်ဟုန်ထိုး ဆွဲပြေးလာပြီး အနေတော် ဖြတ်တင်ပေးမှုမှတစ်ဆင့် အန်ဂူမိုဟာက အသင်းအတွက် တတိယဂိုးသွင်းယူခဲ့သည်။
ယူနိုက်တက်အနေဖြင့် ဂိုးသမား ဆန်နီ လမ်မန်းစ်၏ ကာကွယ်မှုများကြောင့်သာ ယခုထက်ပို၍ ဂိုးမပြတ်ခဲ့ခြင်းဖြစ်သော်လည်း လီဗာပူးလ်အတွက် စတုတ္ထဂိုးသွင်းယူခဲ့သည့် ဗစ်တာ မူနော့ဇ်၏ ကန်ချက်ကိုမူ ၎င်းအနေဖြင့် မည်သို့မျှ တားဆီးနိုင်စွမ်းမရှိခဲ့ပေ။
နိုဝင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်တစ်ပွဲတွင် ဟားလ်စီးတီးအသင်းက တိုက်စစ်မှူး အိုလီ မက်ဘာနီ နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့် သွင်းဂိုးနှစ်ဂိုးနှင့်အတူ ဘရိုက်တန်အသင်းကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘရိုက်တန်အနေဖြင့် ယခုပွဲကို အနိုင်ရခဲ့ပါက အာဆင်နယ်ကို ၃ မှတ်အကွာမှ လိုက်လံဖိအားပေးနိုင်မည် ဖြစ်သော်လည်း ဟားလ်စီးတီးအသင်း၏ ဂရိလက်ရွေးစင် ဂိုးသမား ကွန်စတန်တီနော့စ် ဇိုလာကစ် အကြိမ်ကြိမ် လက်စွမ်းပြ ကာကွယ်သွားသည့်အတွက် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။
ယာအို ကော်စတင်ညာ အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး ဘရိုက်တန်အသင်း ကစားသမား ၁၀ ဦးသာ ကျန်ရှိတော့ပြီးနောက် မကြာမီ ပွဲချိန် ၉၂ မိနစ်တွင် မက်ဘာနီက အဖွင့်ဂိုးကို ခက်ခက်ခဲခဲ သွင်းယူခဲ့သလို ၉၅ မိနစ်တွင်လည်း အနိုင်ဂိုးထပ်မံသွင်းယူကာ ယခုရာသီ၌ အသင်း၏ တတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲကို ရယူပေးခဲ့ပြီး အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
နိုဝင်ဘာ ၂၁ ရက် ပွဲစဉ်များတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းက နယူးကာဆယ်ယူနိုက်တက်ကို အဝေးကွင်းတွင် ၂-၂ ဂိုး သရေကျခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှ အမှတ်ဖြတ်ကာ ဦးဆောင်ထားနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
မန်ချက်စတာစီးတီးအသင်းက ဖူလ်ဟမ်အသင်းနှင့် အိမ်ကွင်းတွင် တစ်ဂိုးစီသရေကျခဲ့ပြီး ပရီးမီးယားလိဂ် သုံးပွဲဆက် ရှုံးပွဲကြုံတွေ့မှုကို အဆုံးသတ်နိုင်ခဲ့သည်။
ဘုန်းမောက်က နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်ငါးပွဲဆက် နိုင်ပွဲရယူကာ အဆင့်-၄ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။
လိဒ်စ်ယူနိုက်တက်ကလည်း ချဲလ်ဆီးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နိုအာ အိုကာဖောက နှစ်ဂိုးသွင်းယူပေးခဲ့သည်။
ဆန်းဒါးလန်းနှင့် အက်စတွန်ဗီလာအသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး တော့တင်ဟမ်က အစ်ဆွစ်ချ်တောင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အဆိုပါပွဲစဉ်၌ အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေး လူကာ ဝီလီယမ်စ်-ဘားနက်က ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်၌ ဂိုးသွင်းယူခဲ့သည့်အပြင် ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့သည်။
ပွဲချိန် ၈၅ မိနစ်တွင် ဒွိုက် မက်နေးလ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းကြောင့် ကိုဗင်ထရီစီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပဲလေ့စ်နည်းပြသစ် သောမတ်စ် ဖရန့်ခ်၏ ပထမဆုံး ပွဲဦးထွက်မှာ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်။ (Xinhua)


…………………………
(English Version)
Liverpool routs Man United as Pochettino endures disastrous debut
LONDON, Nov. 22 (Xinhua) -- Mauricio Pochettino had a nightmare debut as Manchester United coach as his side was beaten 4-0 away to Liverpool in the Premier League on Sunday afternoon.
The Argentine only arrived in Manchester on Wednesday and had little time to work with his new side, but he could never have expected to see the game all but over by the 13th minute.
United was down to 10 men after eight minutes after Leny Yoro was sent off for fouling Alexander Isak as the Liverpool forward ran through on goal, and the punishment was doubled when Dominik Szoboszlai scored from the resulting free kick.
Florian Wirtz made it 2-0 in the 13th minute with a volley from Rio Ngumoha's cross, and Ngumoha added his side's third after 66 minutes following Bradley Barcola's surging run and cross.
United had goalkeeper Senne Lammens to thank for keeping the score down, but he could do nothing to deny Victor Munoz Liverpool's fourth of the game.
Elsewhere on Sunday, Hull City striker Ollie McBurnie scored two goals in injury time to give the Tigers a 2-0 win at home to Brighton.
Brighton would have closed to within three points of Arsenal with a win, but was denied by a series of saves from Hull's Greece international goalkeeper, Konstantinos Tzolakis.
McBurnie bundled home the opener in the 92nd minute, shortly after Joao Costinha was sent off to leave Brighton with 10 men, and sealed his side's third league win of the season in the 95th minute to maintain its unbeaten home record.
In Saturday's action, league leader Arsenal missed the chance to extend its advantage at the top after being held to a 2-2 draw away to Newcastle United on Saturday.
Manchester City drew 1-1 with Fulham at home, ending a run of three consecutive league defeats.
Bournemouth beat Nottingham Forest 2-0 to climb to fourth and extend its winning streak to five league games.
Leeds United thrashed Chelsea 4-1 away, with Noah Okafor scoring twice.
Sunderland drew 0-0 with Aston Villa, while Tottenham beat Ipswich Town 2-0, with 18-year-old Luca Williams-Barnett scoring and assisting on his Premier League debut.
Coventry City beat Crystal Palace 3-2 with an 85th-minute own goal from Dwight McNeil, spoiling Thomas Frank's debut as Palace coach.
Photo caption 1: Liverpool's Dominik Szoboszlai celebrates scoring during the English Premier League match between Leeds United and Liverpool in Leeds, Britain, on Dec. 6, 2025. (Xinhua)
Photo caption 2: Liverpool's match-winning goal-scorer captain Virgil van Dijk celebrates winning after the English Premier League match between Everton FC and Liverpool FC in Liverpool, Britain, on April 19, 2026. (Xinhua)