Sports Myanmar

ဆာကာ က ကမ္ဘာ့အဆင့် မဟုတ်သေးဘူးလို့ ဆိုလိုက်ပြီး မန်စီးတီးမှာဆို ပွဲထွက်ခွင့်တောင် မရနိုင်ဘူးလို့ သုံးသပ်လိုက်တဲ့ မက်ကွိုက်စ်

စကော့တလန် လက်ရွေးစင်ဟောင်း မက်ကွိုက်စ် ကတော့ ဆာကာ ရဲ့ ခြေစွမ်းကို နှစ်ခြိုက် သဘောကျပေမယ့် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး အဖြစ် သတ်မှတ်လို့ ရတဲ့ အနေအထားကို မရောက်သေးကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

Hale End အကယ်ဒမီ ကနေ ထွက်ပေါ် လာပြီး လက်ရှိ အချိန်မှာ အာဆင်နယ် အသင်း ရဲ့ ခေါင်းဆောင် စာရင်းမှာပါ ပါဝင် နေပြီ ဖြစ်တဲ့ ဆာကာ ဟာ ဒီရာသီမှာလည်း ပြီးခဲ့တဲ့ ရာသီတွေကလို သူ့ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်ပြီး ၃ ဂိုးသွင်း ၊ ၇ ဂိုးအထိ ဖန်တီးမှု ပြုလုပ် ထားနိုင်ပါတယ်။

တော့တင်ဟမ် အသင်း ရဲ့ကွင်းလယ်လူဟောင်း အိုဟားရား ကတော့ ပါးလ်မား နှင့် ယာမဲလ် တို့ဟာ ဆာကာ ထက် ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုထားပြီး မက်ကွိုက်စ်ကလည်း ဆာကာ ဟာ အရည်အချင်း ရှိပေမယ့် ကမ္ဘာ့အဆင့် ကစားသမား အဖြစ် တံဆိပ်တပ်လို့ မရသေးကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” ကျနော် ဆာကာ ကို သဘောကျပါတယ် ၊ သူက တကယ့်ကို ထူးခြား ကောင်းမွန်တဲ့ ကစားသမား တစ်ဦးပါ ၊ အာဆင်နယ် အတွက်လည်း သိပ်ကို အရေးပါပါတယ်၊ ဒါပေမဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ အကြောင်းပြောကြတဲ့ အခါမှာ ကျနော် တွေးမိတဲ့ နာမည်တွေက မက်ဆီ ၊ ရော်နယ်ဒို ၊ ဘင်ကင်ဘောင်ဝါ ၊ ခရိုက်ဖ် တို့ပါ ။ အဲ့ဒီစာရင်းထဲ ပေါက်တဲ့ ကစားသမားက များများစားစား မရှိပါဘူး။ ဆာကာ က ကမ္ဘာ့အဆင့် ရောက်ဖို့ အလားအလာရှိတဲ့ နိုင်ငံတကာ အဆင့် ကစားသမားပါ ၊ ဒါပေမဲ့ ခုချိန်မှာတော့ ကမ္ဘာ့အဆင့် အဖြစ် မသတ်မှတ်ချင်သေးပါဘူး။ ”

ဆက်လက်ပြီး မက်ကွိုက်စ် က ” ဆာကာ က ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ဒါပေမဲ့ မန်စီးတီး အသင်း ရဲ့ ပွဲထွက် လူစာရင်းမှာ သူ နေရာရလောက်လားဆိုရင် ဆာကာ က ဒိုကူ နှင့် ဂရီးလစ်ရှ် နေရာကို အစားထိုး နိုင်ပ့ါမလား ဆိုတာ မသေချာပါဘူး ။ ကျနော် ဒီလို စကားပြောရတာ စိတ်တော့ မကောင်းပေမယ့် ဆာကာ က ကမ္ဘာ့အဆင့်ဆိုရင် ဆာလာ လို ကစားသမားကို ဘယ်နေရာ သွားထားမှာလဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar