Myanmar Transparency News

မင်းကွန်းရဲစခန်းမှ ရဲအုပ်တစ်ဦးကို PDF သုံးဖွဲ့ပေါင်း သတ်ဖြတ်

၁၃. ၂. ၂၀၂၅
Written by Nay Moe

မင်းကွန်းရဲစခန်းမှ ရဲအုပ်တစ်ဦးကို PDF သုံးဖွဲ့ပေါင်း သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းသို့ ရာထူးတိုးနှင့် ပြောင်းရွှေ့လာသည့် ရဲနှစ်ပွင့်ဗိုလ်(ရဲအုပ်)မြင့်လွင် ဆိုသူကို ဖေဖော်ဝါရီ ၁၀ ရက်က မိသားစုထံ ခေတ္တပြန်လာစဥ် ဝင်ရောက်ဖမ်းဆီးရာမှ ထွက်ပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးသွားခြင်းဖြစ်သည်ဟုလည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၏ ဝန်ခံချက်တွင် ပုံနှင့်တကွ ဖော်ပြထားသည်။

ကျူးလွန်မှုဖြစ်စဥ်အား ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့်အတူ Road To Mandalay ၊ Royal Falcon (Sadaung Falcon) တို့ PDF သုံးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ဝန်ခံထားသည်။

မူရင်းသတင်း — Myanmar Transparency News