Myanmar Transparency News

စလင်းမြို့ပေါ်ကို PDF ပစ်ခတ်သည့် Drop Bomb များနှင့် ရှော့တိုက်ဒုံးများထိမှန်ရာမှ ပြည်သူသုံးဦး ဒဏ်ရာရ

MT News
၁၅. ၃. ၂၀၂၅

စလင်းမြို့ပေါ်ရှိ ပုထိုးဖြူရပ်ကွက်ပေါ် PDF များပစ်ခတ်သည့် Drop Bomb များနှင့် ရှော့တိုက်ဒုံးများ ထိမှန်ရာမှ ပြည်သူသုံးဦး ဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ပုထိုးဖြူရပ်ကွက်သို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များနှင့် ရှော့တိုက်ဒုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါ ရပ်ကွက်အတွင်းသို့ Drop Bomb များနှင့် ရှော့တိုက် ဒုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ပုထိုးဖြူရပ်ကွက်နေ ဦးအောင်ဆန်းလင်း(၄၀)နှစ်၊ ဦးသန်းဇော်ဌေး(၃၅)နှစ်နှင့် ဒေါ်ယမုံဇင်(၂၇)နှစ်တို့ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး စလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်း ဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင် ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Myanmar Transparency News