Myanmar Transparency News

ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အားကစားပစ္စည်းဆိုင် မီးလောင်မှု ချမ်းအေးသာစံတွင် ဖြစ်ပွား

၂၂.၃.၂၀၂၅
Written by KL

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၆၂x၆၃- ၂၇ လမ်းကြားတွင် မတ်လ ၂၁ ရက် ည ၈ နာရီ ၄၈ မိနစ်ခန့်က RC ၃ ထပ်တိုက်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အားကစားပစ္စည်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီး​လောင်မှုမှာ နေအိမ်၏ တတိယထပ်တွင် ဖြစ်ပွားခဲ့ပြီး ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်စဥ် အောက်ရှိ ဖော့ပြားပေါ်သို့ ဖယောင်းတိုင်ပြုတ်ကျ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုမှာ ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် တတိယထပ် မျက်နှာကြက်၊ အလူမီနီယံတံခါးများ၊အားကစားပစ္စည်းများ၊ ​ကြမ်းခင်းဖော့များ မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၃ စီး၊ အုပ်ချုပ်မှုယာဥ် ၃ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းခဲ့သည်။

အားကစားပစ္စည်းဆိုင် မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၆၀ အရွယ်ရှိ ဆိုင်တာဝန်ခံ အမျိုးသားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းတွင် ရာဇသတ်​ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News