Myanmar Transparency News

ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားသော နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး

၁.၄.၂၀၂၅
Written by KL

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ် (၁)ရပ်ကွက်၊ ပညာတံခွန်လမ်းတွင် ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီ ၄၇ဘမိနစ်ခန့်က သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားသော နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ ပင်လုံဈေးအရှေ့ဘက်ရှိ ဒေါ်ခင်သန်း သင်္ကန်းပရိက္ခရာဆိုင်တွင် ဖယောင်းတိုင်မီးထွန်းရာမှ ဖြစ်ပွားသည်ဟု သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အသက် ၅၈ နှစ်အရွယ် ဦးညိုမြင့်၊ အသက် ၆၆ နှစ်အရွယ် ဒေါ် နန်းခင်မြ၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်သန်း၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်နှင်းဝေတို့ သေဆုံးခဲ့ကြောင်း သိရသည်။

သင်္ကန်းဆိုင်မီးလောင်မှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး အနီးရှိ နေအိမ်များ မီးဟပ်ခံရကြောင်း သိရသည်။

မီးလောင်မှုကို လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ပင်လုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News