Eleven Media Group

စက်ဆုပ်ဖွယ် မွန်းစတားတစ်ကောင် (Life)

Photo : X

လာရစ်ဆာဖာရာရီက ပါယက်ပေးတဲ့ ဘောလုံးပွဲလက်မှတ်နှစ်စောင်ကို Instagram မှာ တင်ခဲ့ချိန်မှာ ပါယက် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်ကို အားလပ်ရက်ပြန်သွားပြီးတဲ့နောက် ပြန်ရောက်လာချိန်မှာ လာရစ်ဆာဖာရာရီကို အပြစ်ပေးခဲ့ပါတယ်။ ပါယက်က လာရစ်ဆာဖာရာရီကို တွေ့တွေ့ ချင်းပဲ ခြေထောက်နဲ့ကန်တာ၊ ထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တာပါ။ ဒါကိုလည်း လာရစ်ဆာဖာရာရီက သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်အဖြစ်မှတ်ယူပြီး သည်းခံပေးခဲ့ပါတယ်။ ဒါပေမဲ့ လာရစ်ဆာဖာရာရီရဲ့ မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ အချစ်ကိုသိသွားတဲ့ ပါယက်ရဲ့ နိုင်စားမှုတွေက နောက်ပိုင်းမှာ ပိုပြင်းထန်လာခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေရိုက်ပြီး ပို့ခိုင်းတာ၊ အိမ်သာခွက်ထဲ ခေါင်းထိုးထည့်တာ၊ နောက်ဆုံးသူ့ရဲ့ကျင်ငယ်ရည်ကို သောက်ခိုင်းတာ မျိုးတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် မခံနိုင်တော့တဲ့အဆုံး လာရစ်ဆာဖာရာရီက ပါယက်နဲ့ အဆက်အသွယ်ဖြတ်ပြီး ပါယက်ရဲ့ လူမဆန်ပုံကို ရဲ တပ်ဖွဲ့ဆီ တိုင်ကြားခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လတုန်းက ပါယက်နဲ့ အချစ်ကြိုးတွေ ခဏတာထုံးဖွဲ့ချည်နှောင်ခဲ့ကြကြောင်း ရင်ဖွင့်ခဲ့တဲ့ ဘရာဇီးလ်ရှေ့နေမလေး လာရစ်ဆာဖာရာရီက အခုတော့ ပါယက်ဟာ စက်ဆုပ်ဖွယ် မွန်းစတားတစ်ကောင်ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ ပြီးတော့ ပါယက်က သူ့အပေါ် ရိုင်းစိုင်းရက်စက်စွာ ပြုမူဆက်ဆံပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ပါယက်အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်နေရပါပြီ။

ပြင်သစ်တိုက်စစ်ကစားသမား ပါယက်က (၃၈)နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဝက်စ်ဟမ်းအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားဖူးခဲ့သူဖြစ်ပြီး သူ ပွဲအများဆုံးကစားခဲ့တဲ့ ကလပ်ကတော့ မာဆေးလ်အသင်းပါ။ ၂၀၂၃ နွေရာသီမှာ တော့ မာဆေးလ်နဲ့ လမ်းခွဲပြီး ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါယက်က ရင်သွေး(၄)ယောက်ရဲ့ ဖခင်ဖြစ်ပြီး ဇနီးသည် လူဒီဗိုင်းနဲ့ လက်ထပ်ခဲ့တာကလည်း ဆယ်စု နှစ်(၂)ခုစာလောက် ရှိနေပါပြီ။ ဒါပေမဲ့ ပြင်သစ်မှာ မိသားစုကို ချန်ထားပြီး ဘရာဇီးလ်မှာ တစ်ဦးတည်း ဖြတ်သန်းခဲ့ရတဲ့နောက်မှာတော့ ခင်ပွန်းသည်နဲ့ လမ်းခွဲထားတဲ့ ကလေးနှစ်ယောက်အမေ ရှေ့နေမလေး လာရစ်ဆာဖာရာရီနဲ့ ပတ်သက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ လာရစ်ဆာဖာရာရီက ပါယက်ဟာ ဇနီးသည်ရဲ့ မျက်ကွယ်အရပ်မှာ သူနဲ့ ငြိစွန်းခဲ့ကြောင်းသာ ဖွင့်ဟခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ပါယက်က သူ့ရဲ့အချစ်ကို ရယူခဲ့ခြင်းဖြစ်သလို၊ နောက်ပိုင်းမှာ ကြောက်စရာမွန်းစတားတစ်ကောင်လို ပြုကျင့်ခဲ့ကြောင်း အညိုအမည်းစွဲနေတဲ့ ဒဏ်ရာတွေကို သက်သေပြုပြီး ဖွင့်ဟခဲ့တာပါ။

သူတို့နှစ်ဦးရဲ့ ရင်းနှီးမှုက Whats App မှာ စတင်ခဲ့တာဖြစ်ပြီး ပါယက်က ပရိုဖိုင်းအတု အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ လာရစ်ဆာဖာရာရီကလည်း အိမ်ထောင်သည်ယောကျ်ားတစ်ယောက်ဖြစ်ကြောင်း သိသိကြီးနဲ့ ဝင်တိုးခဲ့ပါတယ်။ မိုင်(၁၅၀၀) လောက်ဝေးကွာတဲ့ ပါယက်တည်းခိုရာ ဟိုတယ်ကို အရောက်သွားပြီး တွေ့ဆုံခဲ့ပါတယ်။ ပါယက်ဟာ သိပ်ပြီးစွဲမက်စရာကောင်းတဲ့၊ သိပ်ပြီး ချစ်တတ်တဲ့ ယောကျ်ားတစ်ယောက်လို့ သူ တွေးထင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တခြားသူတွေနဲ့ ဒိတ်မလုပ်တော့ဘဲ ပါယက်တစ်ယောက်တည်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ တစ်ယောက်ကွက်လပ်ကို တစ်ယောက် ဖြည့်စွက်ပြီး သာယာကြည်နူးဖွယ်နေ့ရက်တွေကို နှစ်ဦးအတူ ဖန်တီးခဲ့ကြတယ်ဆိုပါတော့။ ဒါပေမဲ့ ပန်းခင်းလမ်းက သိပ်တော့ မရှည်လျားခဲ့ပါဘူး။ လာရစ်ဆာဖာရာရီက ပါယက်ပေးတဲ့ ဘောလုံးပွဲလက် မှတ်နှစ်စောင်ကို Instagram မှာ တင်ခဲ့ချိန်မှာ ပါယက် ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်ကို အားလပ်ရက်ပြန်သွားပြီးတဲ့နောက် ပြန်ရောက်လာချိန်မှာ လာရစ်ဆာဖာရာရီကို အပြစ်ပေးခဲ့ပါတယ်။ ပါယက်က လာရစ်ဆာဖာရာရီကို တွေ့တွေ့ ချင်းပဲ ခြေထောက်နဲ့ကန်တာ၊ ထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တာပါ။ ဒါကိုလည်း လာရစ်ဆာဖာရာရီက သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်အဖြစ်မှတ်ယူပြီး သည်းခံပေးခဲ့ပါတယ်။ ဒါပေမဲ့ လာရစ်ဆာဖာရာရီရဲ့ မခွဲနိုင်မခွာရက်ဖြစ်နေတဲ့ အချစ်ကိုသိသွားတဲ့ ပါယက်ရဲ့ နိုင်စားမှုတွေက နောက်ပိုင်းမှာ ပိုပြင်းထန်လာခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ ဗီဒီယိုတွေရိုက်ပြီး ပို့ခိုင်းတာ၊ အိမ်သာခွက်ထဲ ခေါင်းထိုးထည့်တာ၊ နောက်ဆုံးသူ့ရဲ့ကျင်ငယ်ရည်ကို သောက်ခိုင်းတာ မျိုးတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် မခံနိုင်တော့တဲ့အဆုံး လာရစ်ဆာဖာရာရီက ပါယက်နဲ့ အ ဆက်အသွယ်ဖြတ်ပြီး ပါယက်ရဲ့ လူမဆန်ပုံကို ရဲ တပ်ဖွဲ့ဆီ တိုင်ကြားခဲ့တာပါ။ ဒါတွေက The Sun ကတစ်ဆင့် လာရစ်ဆာဖာရာရီ ဖွင့်ဟခဲ့တာဖြစ်ပြီး သူ့စကားအားလုံး မှန်ကန်ရဲ့လား ဆိုတာကိုတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကနေ စောင့်ကြည့်ရမှာပါ။ လာရစ်ဆာဖာရာရီက အခုလို ဖွင့်ဟရတာဟာ တရားမျှတမှု ရရှိရေးအတွက်တင် မဟုတ်ဘဲ မျက်စိမှိတ်ချစ်တတ်တဲ့ တခြားအမျိုးသမီးတွေအတွက် အကူအညီဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group