
စပါး နှင့် နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
စပါးအသင်း ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတယ်။ ဒီပွဲပြီးရင် လီဗာပူးလ်နဲ့ အဝေးကွင်းကစားရမှာဖြစ်သလို ယူရိုပါလိဂ်ဆီမီးဖိုင်နယ်လည်း ဆက်ကစားရဦးမယ်။ ဒါပေမဲ့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တာက စပါးအသင်းရဲ့ စိတ်ဓာတ်ပိုင်းအတွက် ကြီးမားတဲ့တွန်းအား ဖြစ်စေမှာပါ။ နော်တင်ဟမ်အသင်းက ပန်းဝင်ခါနီးမှာ အကျဘက် ပြန်ယိုင်လာတယ်။ နှစ်ပွဲဆက် ရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ဖိအားဝင်လာပြီလို့ ဆိုရမယ်။ ဒါ့အပြင် အဝေးကွင်း နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ ရှုံးနိမ့်ထားလို့ အိမ်ရှင်စပါးအသင်းကို ရွေးချယ်ချင်တယ်။
တိုရီနို နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာညနေ ၅းဝ၀ နာရီ)
ခြေပျက်နေတဲ့ အသင်းနှစ်သင်း ဆုံတွေ့ကြတာဖြစ်ပြီး အူဒီးနီးစ်ကတော့ နောက်ဆုံး(၄)ပွဲဆက်တိုက် ရှုံးပွဲတွေ့ထားပါတယ်။ အိမ်ရှင်ကိုပဲ ရွေးရမယ့်ပွဲပါ။
ကာဂလီယာရီ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် တနင်္လာည ရး၃၀ နာရီ)
ကာဂလီယာရီက တန်းဆင်းအန္တရာယ်အတွက် ရုန်းကန်နေရသလို၊ ဖီအိုရင်တီးနားကလည်း ဥရောပဝင်ခွင့်အတွက် အမှတ်လိုနေပါတယ်။ ဒါကြောင့် အကြိတ်အနယ်ရှိနိုင်ပါတယ်။ ကာဂလီယာရီကွင်းမှာ ဖီအိုရင်တီးနားအသင်း အခက်တွေ့လေ့ရှိတာကြောင့် ဒီပွဲလည်း အမှတ်ခွဲယူရဖို့များပါတယ်။
ဂျီနိုအာ နှင့် လာဇီယို (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)
ယူရိုပါလိဂ်က ထွက်ခဲ့ရပြီဖြစ်တာကြောင့် လာဇီယိုအသင်း စီးရီးအေဘက်ကို အားထည့်ကစားတော့မှာပါ။ ဒီပွဲနိုင်လိုက်ရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကလည်း ပြန်လည်အားကောင်းသွားမှာပါ။ ဂျီနိုအာကွင်းဖြစ်တာကြောင့် ရုန်းကန်ရနိုင်ပေမဲ့ လာဇီယို နိုင်ပွဲရနိုင်ပါတယ်။
ပါးမား နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)
ဂျူဗင်တပ်စ်အသင်းက နည်းပြသစ် တူဒေါလက်ထက်မှာ သိသိသာသာတိုးတက်လာတယ်။ သုံးပွဲကစားအပြီးမှာ ရှုံးပွဲမရှိသေးဘဲ အိမ်ကွင်းနှစ်ပွဲအနိုင်၊ အဝေးကွင်းတစ်ပွဲ သရေကျထားတယ်။ ပါးမားအသင်းက တန်းဆင်းဇုန်နဲ့ဝေးအောင် ကြိုးစားနေပေမဲ့ နိုင်ပွဲရဖို့တော့ ရုန်းကန်နေရဆဲပဲ။ ငါးပွဲဆက်သရေကျထားသလို ၂၀၂၅ ခုနှစ်အတွင်းကစားထားတဲ့ ၁၄ ပွဲမှာ တစ်ပွဲပဲ အနိုင်ရထားတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ကလည်း အဝေးကွင်းဆိုရင် သိပ်ပြီးစိတ်ချလို့မရသေးဘူး။ ဂိုးနည်းတဲ့ သရေပွဲဖြစ်သွားနိုင်တယ်။
ဂျီရိုနာ နှင့် ဘက်တစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လာမယ့်ရာသီမှာ လာလီဂါက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိမှာဖြစ်တာကြောင့် ဘက်တစ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မျှော်လင့်လို့ ရလာပါတယ်။ ဒါပေမဲ့ ကွန်းဖရန့်လိဂ်တစ်ဖက်နဲ့ ဘက်တစ်အသင်း ပွဲပန်းနေပါတယ်။ ဂျီရိုနာကလည်း တန်းဆင်းအန္တရာယ်ရှိနေသေးလို့ အားထည့်ကစားနေရပါတယ်။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။