မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား ရွိုင်ကင်းကတော့ အသက်(၅၃)နှစ်သာရှိသေးပေမဲ့ မြေး(၃)ယောက်ရဲ့အဘိုး ဖြစ်သွားခဲ့ပါပြီ။ ဧပြီ(၁၈)မှာ တတိယမြောက်မြေးကို ချီပိုးခွင့်ရရှိသွားခဲ့တာပါ။ ဒီမြေးလေးက ယောကျ်ားလေးဖြစ်တာကြောင့် ဘမျိုးဘိုး တူလေး ဖြစ်လာဖို့လည်း ရွိုင်ကင်း မျှော်လင့်ခွင့် ရရှိလာခဲ့ပါတယ်။

ရွိုင်ကင်းက ရင်သွေး(၅)ယောက်ရှိပေမဲ့ သားတစ်ယောက်သာ ပါဝင်ပြီး သမီးက (၄)ယောက်ပါ။ သမီး(၄)ယောက်ရဲ့အမည်က ရှန်နွန်၊ ကာရာ၊ လီယာနဲ့ အယ်လန်နာတို့ဖြစ်ပြီး သားရဲ့အမည်က အေဒန်ပါ။ ရွိုင်ကင်းက သားသမီး(၅)ယောက်စလုံးရဲ့ နာမည်ကို ညာဘက်လက်မောင်းမှာ တက်တူးထိုးထားပါတယ်။ အဲဒီတော့ သူ့ဇနီးသီရေဆာက သူ့ နာမည်ကိုတော့ ဘာကြောင့်တက်တူးမထိုးတာလဲလို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
ရွိုင်ကင်းက ခပ်ရှင်း ရှင်းပဲ တုံ့ပြန်ခဲ့ပါတယ်။ "သူတို့က ငါ့ရဲ့ ကလေးတွေအဖြစ် အမြဲရှိနေမှာလေ။ ဒါပေမဲ့ မင်းကတော့ ငါ့ဇနီးအဖြစ် အမြဲရှိနေဖို့မှ မလိုအပ်တာ"လို့ ရွိုင်ကင်းက ဆိုခဲ့တာပါ။ အေဒန်ကင်းက ဘောလုံးကစားပေမဲ့ ထွန်းထွန်းတောက်တောက်ဖြစ်မလာခဲ့တာကြောင့် ရွိုင်ကင်းအနေနဲ့ သူ့ခြေရာနင်းမယ့်သူအဖြစ် မြေးတွေကိုသာ မျှော်လင့်ရမလိုဖြစ်နေပါတယ်။ မြေး(၃) ယောက်ထဲမှာ ယောကျ်ားလေး(၂)ယောက် ပါဝင်တာကြောင့်လည်း မျှော်လင့်ချင်စရာ ပိုကောင်းသွားပါတယ်။ သူ့ရဲ့ မိတ်ဆွေ ဘောလုံးလောကသားတွေကတော့ မြေး(၃)ယောက်ရဲ့ အဘိုး ဖြစ်သွားခဲ့တဲ့ ရွိုင်ကင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထောပနာစကား ပြောကြားခဲ့ကြပါတယ်။