Eleven Media Group

■ ပရီးမီးယားလိဂ် ပွဲစဉ်-၃၄ နှင့် လီဂူး ပွဲစဉ်-၂၉ ပွဲကြိုသုံးသပ်ချက်

Photo: Gettyimages

♦ မန်စီးတီး - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းအရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲပါ။ လက်ရှိအချိန်မှာ အက်စတွန်ဗီလာရဲ့ အရှိန်အဟုန်က တော်တော်လေးကြောက်စရာကောင်းတာ တွေ့ရပြီး မန်စီးတီးအသင်းကလည်း နောက်ဆုံး နှစ်ပွဲမှာတော့ နိုင်ပွဲတွေပြန်ရခဲ့တာ တွေ့ရတယ်။ ပဲလေ့စ်ကို ဂိုးပြတ်သွင်းခဲ့သလို၊ အဲဗာတန်ကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း မန်စီးတီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အရင်လို စိုးမိုးနိုင်စွမ်းနဲ့ သြဇာမျိုးကတော့ မရှိတော့သလို ဖြစ်နေတယ်။ အက်စတွန်ဗီလာက ဥရောပအဆင့်မှာ ထိပ်တန်းအသင်း ကြီးတွေနဲ့ ကစားခဲ့ပြီးတဲ့နောက် ကိုယ့်အသင်းရဲ့လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုက အမြင့်ဆုံးမှာ ရှိတယ်။ Game Design အရ ကြည့်မယ်ဆိုရင်လည်း မန်စီးတီး ဘောလုံးကိုင်ကစားမယ့် အခြေအနေက အက်စတွန်ဗီလာအတွက် သူတို့ စိတ်ကြိုက်တိုက်စစ် အသွင်ကူးပြောင်းမှုနဲ့ အမြန်နှုန်းတွေကိုသုံးပြီး ကစားခွင့်ရမယ့် အနေအထားဖြစ်နေတယ်။ ဒီပွဲက မန်စီးတီးအိမ်ကွင်းဖြစ်လို့ အလေးသာပေမဲ့ သရေကျသွားနိုင်တယ်။

♦ နန့်စ် - PSG (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

နန့်စ်အသင်းအနေနဲ့ အခုပွဲအနိုင်ရခဲ့ရင် တန်းဆင်းဇုန်က လွတ်ဖို့ အခြေအနေအတော်ကောင်းသွားလိမ့်မယ်။ ပထမအကျော့တုန်းကလည်း PSG ကွင်းမှာတောင် နန့်စ်အသင်း သရေခံကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ PSG အသင်းက တစ်ရာသီလုံး ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် ကြိုးစားကစားနေတာကိုတော့ သတိပြုရမယ်။ PSG အသင်းအဖို့ သရေလောက်ရရင်ပဲ လုံလောက်နေလို့ နန့်စ်နဲ့ စွန့်စားချင်တယ်။

မူရင်းသတင်း — Eleven Media Group