Eleven Media Group

လာလီဂါ နှင့် ကိုပါအီတာလီယာဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

Photo: X

အိုဆာဆူနာ နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

နည်းပြ ကာပါရော့စ်ပြန်ရောက်လာတဲ့ ဆီဗီးလာရဲ့ အဝေးကွင်းကစားအားကို စောင့်ကြည့်ရတော့မယ်။ အိုဆာဆူနာကလည်း အိမ်ကွင်းအားကောင်းတဲ့အသင်းဖြစ်နေလို့ ဂိုးအနည်းသရေပွဲပဲ ဖြစ်ဖို့များတယ်။

လီဟာနက်စ် နှင့် ဂျီရိုနာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

နှစ်သင်းစလုံး အမှတ်ရှာနေကြရတဲ့ အချိန်ဖြစ်နေတယ်။ ဒီအချိန် အမှတ်ရရေးပိုအရေးကြီးနေတဲ့ လီဟာနက်စ်ရဲ့ဖိအားကို ဂျီရိုနာ မနည်းတောင့်ခံရလိမ့်မယ်ထင်တယ်။ ဂျီရိုနာက အဝေးကွင်းအားနည်းတတ်လို့ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

အက်သလက်တီကိို နှင့် ဗယ်လက်ကာနို (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

အက်သလက်တီကိုကတော့ ပွဲတိုင်းကို ခပ်အေးအေးကစားနေတယ်။ ဒါပေမဲ့ အဆင့်(၂)နေရာမျှော်လင့်ချက်အတွက် သူတို့အနေနဲ့ နိုင်ပွဲပြန်ယူရမယ့် အချိန်လို့တော့ ဆိုရမယ်။ ဗယ်လက်ကာနိုကလည်း အခုနောက်ပိုင်း ကစားပုံလျော့လာတယ်။ အားနည်းချက်တွေများလာတယ်။ ဒါကြောင့် အက်သလက်တီကိုကွင်းမှာ ဗယ်လက်ကာနိုအသင်းအနေနဲ့ မျှော်လင့်ချက် ရှိနိုင်မယ်မထင်ဘူး။ အက်သလက်တီကိုအသင်း အိမ်ကွင်းမှာ ဂိုးပြတ်ပေါက်ကွဲနိုင်တဲ့ပွဲမျိုးပါပဲ။ (၂)သင်းပေါင်းသွင်းဂိုးများနို်င်ပါတယ်။

ဘက်တစ် နှင့် ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

ဗယ်လာဒိုလစ်ရဲ့ လက်ရှိအဝေးကွင်းခြေစွမ်းအရတော့ ဘက်တစ်အတွက် စိုးရိမ်စရာမရှိလောက်ပါဘူး။ ဘက်တစ်က ချန်ပီယံလိဂ်ပစ်မှတ်ထားနေတဲ့ အသင်းပါ။ ဘက်တစ်နဲ့ ဂိုးအများပါပဲ။
-----------------------------------------------------------------------------------

ဘိုလော့ဂ်နာ နှင့် အမ်ပိုလီ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ပထမအကျော့ရလဒ်က ဘိုလော့ဂ်နာအသင်းအတွက် ကိုပါအီတာလီယာဗိုလ်လုပွဲ တစ်နေရာ သေချာပြီးသားဖြစ်ခဲ့တယ်။ စီးရီးအေပွဲကျပ်တွေကြားမှာ အခုဒုတိယအကျော့ပွဲကို ကစားရမှာဖြစ်လို့ အိမ်ကွင်းပရိသတ်ရှေ့ဖြစ်ပေမဲ့ ဘိုလော့ဂ်နာအသင်း အားစိုက်ပါ့မလား သံသယရှိစရာပါပဲ။ အမ်ပိုလီအသင်းကလည်း အခုပွဲထက် စီးရီးအေရှင်သန်ခွင့် လက်ကျန်မျှော်လင့်ချက်အနည်းငယ်အတွက် ပိုပြီးအာရုံရောက်နေနိုင်တယ်။ နှစ်သင်းစလုံးအတွက် အရေးမပါလောက်တော့တဲ့ အခုလိုပွဲမျိုးမှာ ပွဲဖြစ်ရုံလောက်ပဲ ထိန်းကစားဖို့များတယ်။ အမ်ပိုလီအသင်းနဲ့ပဲ စွန့်စားချင်တယ်။

မူရင်းသတင်း — Eleven Media Group