အက်သလက်တီကိုအသင်းရဲ့နောက်ခံလူ ရော်ဘင်လီနော်မန်ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ Laureus World Sports Awards ဆုပေးပွဲကို ချစ်သူနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ပရိသတ်တွေ သိထားခဲ့တဲ့ချစ်သူ ဆီရာမာတီနက်ဇ်တော့ မဟုတ်ပါဘူး။ လီနော်မန်နဲ့အတူ ကော်ဇောနီပေါ် တွဲလျှောက်ခွင့်ရခဲ့သူက ကာဆန်ဒရာကာနိုလို့ အမည်ရတဲ့ သရုပ်ဆောင်မော်ဒယ်မလေး ဖြစ်နေပါတယ်။ ဒီတော့ လီနော်မန်ရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေး တကယ်ပဲ အဆုံးသတ်သွားပြီလားလို့ တွေးစရာဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ဘောလုံးပရိသတ်အတော်များများ သိထားကြပြီးသားပါ။ PSG နည်းပြ အန်နရီကေးရဲ့ သမီး ဆီရာမာတီနက်ဇ်နဲ့ စပိန်လက်ရွေးစင်ဘောလုံးသမားနှစ်ယောက်ရဲ့ သုံးပွင့်ဆိုင်ချစ် ဇာတ်လမ်းပါ။ မြင်းစီးအားကစားမယ် ဆီရာမာတီနက်ဇ်က မိန်းမချောလေးတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ချိန်မှာ မန်စီးတီးကစားသမား ဖယ်ရန်တောရက်စ်နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဖယ်ရန်တောရက်စ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ပြီး စပိန် ပြန်ရောက်လာချိန်မှာ အတူနေခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ ချစ်ဇာတ်လမ်းက ပရိသတ်တွေအတွက် ကြည်နူးစရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ နွေရာသီမှာတော့ ဆီရာက မြင်းစီးအားကစားကို အာရုံစိုက်ချင်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရန်တောရက်စ်ကို လမ်းခွဲခဲ့ပါတယ်။ တစ်နှစ်ဝန်းကျင်အကြာမှာတော့ အက်သလက်တီကိုကစားသမား လီနော်မန်နဲ့ တွဲနေပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကို လီနော်မန်က အတည်မပြုခဲ့ပေမဲ့ စပိန်မဂ္ဂဇင်းတစ်စောင်ကတော့ လီနော်မန်နဲ့ ဆီရာတွဲနေတာ သေချာတယ်လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေက စပိန်လက်ရွေးစင်နည်းပြဟောင်းရဲ့ သမီးနဲ့ စပိန်လက်ရွေးစင်ကစားသမားနှစ်ယောက်ရဲ့ သုံးပွင့် ဆိုင်ချစ်ဇာတ်လမ်းလို့ သတ်မှတ်ခဲ့တာပါ။
ဒါပေမဲ့ ဒီနှစ် ဖေဖော်ဝါရီလထဲမှာတော့ ဖယ်ရန်တောရက်စ်နဲ့ ဆီရာတို့ ပြန်တွဲနေကြပြီဆိုတဲ့ သတင်း ထွက်လာပါတယ်။ ပြီးတော့ လီနော်မန်က ကာဆန်ဒရာနဲ့ တွဲနေကြောင်းလည်း စပိန်မီဒီယာ တချို့က ဖော်ပြလာခဲ့ကြပါတယ်။ ပြင်သစ်-မက္ကဆီကန် မော်ဒယ်မလေး ကာဆန်ဒရာနဲ့ လီနော်မန်တို့ကို နေရာတစ်ခုမှာ အတူတွေ့တွေ့နေရတာကြောင့် အဝါရောင်ဂျာနယ်လစ်တွေက သူတို့ ရဲ့ ဆက်စပ်မှုကို ဖော်ထုတ်နိုင်ခဲ့တာပါ။ အခုတော့ လီနော်မန်က ကာဆန်ဒရာနဲ့ အတူပွဲတက်ပြီး သူတို့ရဲ့ အချစ်ရေးကို အတည်ပြုလိုက်ပါပြီ။ (၂၁)နှစ်သာရှိသေးတဲ့ လီဆန်ဒရာက ပြင်သစ်ရုပ်ရှင်ဇာတ်ကားတချို့နဲ့ ရုပ်သံဇာတ်လမ်းတွဲတချို့မှာ ပါဝင်သရုပ်ဆောင်နေသူဖြစ်တာကြောင့် အနုပညာကြယ်ပွင့်သစ်လေးလို့ ဆိုရမှာပါ။ ဖယ်ရန်တောရက်စ်နဲ့ ဆီရာတို့သာ အမှန်တကယ်ပြန်ပေါင်းထုပ်ခဲ့မယ်ဆိုရင်တော့ သူတို့ကြားက သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းလေး အဆုံးသတ်သွားတာ သေချာပြီပေါ့။ ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် အားလုံးအတွက် လှပတဲ့ဂငယ်ကွေ့လေးတစ်ခုလို့ ဆိုရပါလိမ့်မယ်။