
အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)က အမျိုးသမီးဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးလာဖို့နဲ့ အမျိုးသမီးအကျဉ်းသားတွေအတွက် ဘဝပုံစံအသစ် ရရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာပါ။ လောလောဆယ် ဆီရာလီယွန်နိုင်ငံနဲ့ ဂါနာ၊ လိုက်ဘေးရီးယားနိုင်ငံတွေမှာ စတင်ခဲ့ပြီး တခြားနိုင်ငံတွေမှာ တိုးချဲ့သွားဖို့လည်း စီစဉ်ထားပါတယ်။ ဆီရာလီယွန်နိုင်ငံက အမျိုးသမီးအကျဉ်းသား (၂၆)ေယာက်ကတော့ CAF က ပို့ချတဲ့ အမျိုးသမီးနည်းပြသင်တန်းတက်ရောက်ခွင့်ရပြီး D လိုင်စင်ရရှိတဲ့ ပထမဆုံးအမျိုးသမီးအကျဉ်းသားတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ D လိုင်စင်က ဘောလုံးလောကမှာ အောက်ခြေအဆင့် ကလေးငယ်တွေကို သင်ကြားပေးရာမှာတော့ အသုံးဝင်တဲ့ လိုင်စင်ဖြစ်ပါတယ်။
ထောင်သွင်းအကျဉ်းချခံထားရတဲ့ အကျဉ်းသားတစ်ယောက်ရဲ့ အတွေးထဲမှာ လွတ်မြောက်တဲ့တစ်နေ့ကျ ဘဝကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာ တွေးမိကြမှာပါပဲ။ အတွေးတွေကတော့ မတူညီနိုင်ကြဘူးေပါ့။ ဖြစ်နိုင်ခြေများတာကတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အတိတ်ဘဝအပေါ် အခြေခံပြီးတော့ပဲ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့ မျှော်တွေးကြမှာပါ။ ဒါပေမဲ့ ဆီရာလီယွန်နိုင်ငံက အမျိုးသမီးအကျဉ်းသားတွေကတော့ အတိတ်ဖြတ်သန်းမှုထဲမှာ မပါဝင်ခဲ့တဲ့ ဘဝပုံစံအသစ်ကို မျှော်လင့်ခွင့် ရရှိလာကြပါတယ်။ လွတ်မြောက်တဲ့ တစ်နေ့မှာ ဘောလုံးနည်းပြအဖြစ် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းသစ်တစ်ခု ရရှိလာတာကြောင့်ပါ။
အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)က အမျိုးသမီးဘောလုံးအားကစား ပိုမိုဖွံ့ဖြိုးလာဖို့နဲ့ အမျိုးသမီးအကျဉ်းသားတွေအတွက် ဘဝပုံစံအသစ် ရရှိလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တာပါ။ လောလောဆယ် ဆီရာလီယွန်နိုင်ငံနဲ့ ဂါနာ၊ လိုက်ဘေးရီးယားနိုင်ငံတွေမှာ စတင်ခဲ့ပြီး တခြားနိုင်ငံတွေမှာ တိုးချဲ့သွားဖို့လည်း စီစဉ်ထားပါတယ်။ ဆီရာလီယွန်နိုင်ငံက အမျိုးသမီးအကျဉ်းသား (၂၆)ေယာက်ကတော့ CAF က ပို့ချတဲ့ အမျိုးသမီးနည်းပြသင်တန်းတက်ရောက်ခွင့်ရပြီး D လိုင်စင်ရရှိတဲ့ ပထမဆုံးအမျိုးသမီးအကျဉ်းသားတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ D လိုင်စင်က ဘောလုံးလောကမှာ အောက်ခြေအဆင့် ကလေးငယ်တွေကို သင်ကြားပေးရာမှာတော့ အသုံးဝင်တဲ့ လိုင်စင်ဖြစ်ပါတယ်။ (၈)ရက်ကြာ ပို့ချခဲ့တဲ့ ဒီသင်တန်းကို တက်ရောက်ပြီး D လိုင်စင်ရ ပထမဆုံးအမျိုးသမီးအကျဉ်းသားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ မာရီကတော့ "ကျွန်မ ရရှိခဲ့တဲ့ လက်မှတ်အတွက် ဂုဏ်ယူပါတယ်။ ဒီနည်းပြ လက်မှတ်နဲ့အတူ အလုပ်တစ်ခု ရချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ သူ့လိုပဲ တခြားအမျိုးသမီးအ ကျဉ်းသားတွေလည်း ဆန္ဒရှိနေကြမှာပါ။
ဒီအစီအစဉ်ဖြစ်မြောက်လာဖို့ အဆိုပြုခဲ့၊ ဦးဆောင်ခဲ့သူက ဆီရာလီယွန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဟောင်းတစ်ဦးဖြစ်တဲ့ အစ်ရှာဂျိုဟန်ဆန်ပါ။ ထက်မြက်တဲ့ အမျိုးသမီးလို့ ဆိုရမယ့် အစ်ရှာဂျိုဟန်ဆန်က CAF ရဲ့ အမှုဆောင်ကော်မတီဝင်တစ်ယောက်ဖြစ်သလို၊ FIFA ကောင်စီမှာလည်း အဖွဲ့ ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ သူက ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြစ်မှုသေးသေးေလးတွေ ကျူးလွန်ပြီး အကျဉ်းထောင်ထဲ ရောက်နေကြတာကို မြင်တွေ့ရလို့ ဒီအစီအစဉ်ကို အဆိုပြုပြီး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ သူက ဒီထက်အကူအညီဖြစ်စေမယ့် အစီအစဉ်တွေကို ထပ်ပြီးလုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ သေချာတာကတော့ ဆီရာလီယွန်က အမျိုးသမီး အကျဉ်းသားတွေကတော့ လွတ်မြောက်တဲ့ တစ်နေ့မှာ . . . . ဆိုတဲ့ စိတ်ကူးအိပ်မက် လှလှလေးတစ်ခု မြင်မက်ခွင့်ရရှိသွားခဲ့ပါပြီ။