Eleven Media Group

Robotic Nature နဲ့ ပရီးမီးယားလိဂ်

Photo : EPL

ပရီးမီးယားလိဂ်ဘုရင် မန်စီးတီး အင်အားချည့်နဲ့သွားတာ၊ အာဆင်နယ်က ဒုတိယလူအဆင့်ထက် မပိုသေးတာ၊ မန်ယူ၊ ချယ်လ်ဆီး၊ စပါးတို့က မတည်ငြိမ်တာတွေကြောင့်လည်း ပရီးမီးယားလိဂ်ထိပ် တန်းအဆင့်အားပြိုင်ပွဲဟာ သံပတ်လျော့နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့လက်ကျန်ဖျော်ဖြေရေး ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ် သိမ်းပိုက်လိုက်ပြီ တန်းဆင်းရမယ့် အသင်းတွေလည်း အဖြေထွက်နေပြီ။ ဒီတော့ ပရီးမီးယားလိဂ်ရဲ့ရင်ခုန်သံဟာ တိုးလျနေသလိုပဲ။ ပရီးမီးယားလိဂ်မှာ မျက်တောင်မခတ်စတမ်း စောင့်မျှော်ကြည့်ရှုစ ရာရှိသေးရဲ့လား။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကပဲ ပရီးမီးယားလိဂ်ရဲ့လက်ကျန်ရင်ခုန်စရာ ဖြစ်လာတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်း အပြိုင်အဆိုင် လုယူနေကြတာပါ။ လီဗာပူးလ်နဲ့အာဆင်နယ်က အဆင့်တစ်နဲ့ နှစ်နေရာကို ပိုင်ဆိုင်ထားပြီး ကျန်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်၊ မန်စီးတီး၊ချယ်လ်ဆီး၊ ဗီလာတို့က အမှားမခံဘဲ အပြိုင်အဆိုင်ဖြစ်နေတာပါ။

ပရီးမီးယားလိဂ်ကစားသမားတွေက စက်ရုပ်ပိုဆန်လာပြီ။ Micro-managed အမူအကျင့်ထဲကနေ ရုန်းမထွက်နိုင်ဘူး။ အဲဒီအမူအကျင့်ဟာ ကြောက်စိတ်ကိုဖြစ်စေတယ်၊ စွန့်စားလိုစိတ်ကို ကန့်သတ်လိုက်တယ်။ ပရီးမီးယားလိဂ်ပွဲတွေကို သေချာကြည့်လိုက်ပါ။ Pass တွေ လိုအပ်တာထက် ဖောင်းပွနေတာ မြင်ရလိမ့်မယ်။ တစ်ဦးချင်းလိမ်ခေါက် ကျော်ဖြတ်မှုဆိုတာ ရှားလာတယ်။ ကစားသမားအားလုံးနီးပါး က လိမ်ခေါက်ကျော်ဖြတ်တဲ့ စွန့်စားခန်းကို မလုပ်ချင်ဘူး၊ Normal Pass တွေနဲ့ သာယာနေတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့ တစ်ပွဲပျမ်းမျှ Pass က (၈၉၇)ကြိမ် ရှိနေပြီး ၂၀၂၀-၂၁ ရာသီက စံချိန် တင် တစ်ပွဲပျမ်းမျှ (၉၄၅)ကြိမ်ကို လိုက်မီဖွယ်ရှိနေပါတယ်။

Pass တွေ လိုအပ်တာ ထက်ဖောင်းပွနေချိန်မှာ တစ်ပွဲပျမ်းမျှ လိမ်ခေါက်ကျော်ဖြတ်မှုက (၃၄.၇ ကြိမ်) နဲ့ ၂၀၁၈- ၁၉ ရာသီနောက်ပိုင်း အရေအတွက် အနည်းဆုံးဖြစ်နေတာပါ။ ဖြတ်တင်ဘောပေးပို့တာတွေလည်း လျော့ကျလာတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့တစ်ပွဲပျမ်းမျှ ဖြတ်တင်ဘော ပေးပို့မှုက (၂၄)ကြိမ်သာရှိပြီး နှစ်ပေါင်း (၂၀)အတွင်း အနည်းဆုံးဖြစ်ပါတယ်။ ၂၀၀၃-၀၄ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့တစ်ပွဲပျမ်းမျှ ြဖတ်တင်ဘောပေးပို့မှုက (၄၂)ကြိမ်အထိ မြင့်တက်ခဲ့တာပါ။ ဂွါဒီယိုလာရဲ့မန်စီးတီးတစ်ခေတ်မှာ Pass-heavy Style အားကောင်းလာတယ်။ ပရီးမီးယားလိဂ်အသင်းတွေကို လွှမ်းမိုးလာတယ်။ ဂွါဒီယိုလာ လက်အောက်မှာကစားရတာ တက္ကသိုလ်တက်ရသလိုပါပဲ။ သင်ရိုးအသစ်တွေနဲ့ ရင်ဆိုင်ရတယ်။ ကိုယ်သိထားသမျှ ဘောလုံးအမြင်တွေ စွန့်လွှတ်ရပြီး ဂွါဒီယိုလာ Brainwash လုပ်တာ ခံရပါတယ်။ ဂွါဒီယိုလာရဲ့ Pass-heavy Style က ကိုယ်ပိုင်ဟန်ရှိပြီး လွတ်လပ်ပါတယ်။ အရည်အသွေးမြင့် ကစားသမားတွေရှိလို့လည်း ဖျော်ဖြေရေးဆန်တဲ့ အခါဆန်တယ်။ ဂွါဒီယိုလာရဲ့ဟန်ကို အတုခိုးတဲ့ အသင်းတွေမှာ မြင်ရတဲ့ Pass-heavy Style ဟာ စိတ်လှုပ်ရှားစရာ မကောင်းဘူး။ အကြောက်တရားတွေ လွှမ်းမိုးထားပါတယ်။

မိနစ်(၉၀) ဘောလုံးပွဲတွေဟာ ပျင်းစရာကောင်းပြီး Gen Z တွေကို မဆွဲဆောင်နိုင်ဘူး။ ဘောလုံးပွဲချိန်ကို လျှော့ချဖို့ တောင်းဆိုနေကြပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ကွင်းထဲ အမှန်တကယ်ဘောလုံးကစားချိန်ဟာ မိနစ်(၆၀) နီးပါးပဲရှိပါတယ်။ မတူကွဲပြားတဲ့ ပွဲရပ်နားချိန်ဟာ လေးနာရီနီးပါးရှိခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီ ပရီးမီး ယားလိဂ်မှာ (၁၁)နာရီကျော် ရှိခဲ့ဖူးပါတယ်။

Micro-managed Football ကြောင့် ဂိုးသမားတွေရဲ့ အခန်းကဏ္ဍကြီးကြီးမားမား ပြောင်းလဲသွားတယ်။ ခံစစ်ကနေ နှေးကွေးစွာ စတင်တဲ့ ကစားကွက်တည်ဆောက်ပုံကို ပိုသုံးစွဲလာပြီး Quick Attack တွေ မမြင်ရသလောက် ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ဂိုးသမားတွေရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးထိချက်က (၄၃.၃)ကြိမ်ရှိပြီး လက်ရှိရာသီမှာ (၄၂.၃) ကြိမ် ရှိနေတာပါ။ လွန်ခဲ့တဲ့ဆယ်နှစ်က ဂိုးသမားတွေရဲ့ တစ်ပွဲပျမ်းမျှ ဘောလုံးထိချက်ဟာ (၃၆.၁) ကြိမ်သာရှိခဲ့ပြီး ဂိုးသမားတွေရဲ့ ဘောလုံးပေးပို့မှုက (၂၆.၁)ကြိမ်ကနေ (၃၂.၂) ကြိမ်အထိ မြင့်တက်လာတယ်။ ဂိုးသမားတွေရဲ့ပြိုင်ဘက်အသင်းကွင်းဘက်ခြမ်းကို အဝေးဘောကန်တင်ပေးပို့မှုက (၇၈.၄)ကြိမ်ကနေ (၄၆.၇)ကြိမ်အထိ လျော့ကျသွားပါတယ်။

ဂိုးသမားတွေရဲ့ Passing Accuracy က (၁၉)ရာခိုင်နှုန်းအထိ ကောင်းမွန်လာတာပါ။ လက်ရှိရာသီမှာ ဂိုးသမားတွေ သွင်းဂိုးဖန်တီးပေးတာ (၇) ကြိမ်အထိ ရှိနေပါပြီ။ တိကျသေချာမှုကို ဦးစားပေးလာပြီးနောက် ဖျော်ဖြေရေးသိပ်မဆန်ပေမဲ့ စွမ်းဆောင်ရည်ကိန်းဂဏန်းတွေက ထက်မြက်လာတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်ရဲ့တစ်ပွဲ ပျမ်းမျှသွင်းဂိုးက (၂.၉၄)ဂိုး ရှိနေပြီး သမိုင်းတစ်လျှောက် ဒုတိယအများဆုံး မှတ်တမ်းပါ။

လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှုက (၂၆)ကြိမ်၊ ဂိုးပေါက်တည့်တဲ့ကန်သွင်းမှုက (၉.၁၆)ကြိမ်ရှိပြီး ၂၀၁၂ -၁၃ ရာသီနောက်ပိုင်း အများဆုံးပါပဲ။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ Comeback Win အရေအတွက် (၅၁)ပွဲရှိပြီး ကစားခဲ့တဲ့ ပွဲအရေအတွက်ရဲ့ (၁၇)ရာခိုင်နှုန်း ရှိနေတာပါ။ လီဗာပူးလ်ရဲ့တည်ငြိမ်စွာဦးဆောင်မှုနဲ့ တန်းဆင်းဇုန်အသင်းတွေရဲ့ညံ့ဖျင်းမှုကြောင့် ပရီးမီး ယားလိဂ်မှာ စိတ်လှုပ်ရှားစရာဆိုလို့ ဥရောပ ပြိုင်ပွဲဝင်ခွင့်ပဲ ကျန်တော့တယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးေနရာအပြောင်းအလဲ (၇)ကြိမ်သာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက (၂၄)ကြိမ်နဲ့နှိုင်းယှဉ်ရင် အတော်လေးနည်းခဲ့တယ်။ ပွဲစဉ်(၃၁)အပြီးမှာ ဦးဆောင်သူ လီဗာပူးလ်က ရမှတ်(၁၁) မှတ် ဖြတ်ထားတာဟာ ရင်ခုန်သံတွေ ေလျာ့ပါးစေတယ်။ တန်းဆင်းဇုန်ထဲ နစ်မွန်းခဲ့တဲ့ အစ်ဝစ်ချ်၊ လက်စတာ၊ ဆောက်သမ်တန် သုံးသင်းပေါင်းရဲ့ အခြေအနေကလည်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံးပါပဲ။ အဲဒီအသင်းသုံးသင်းရဲ့ တစ်ပွဲပျမ်းမျှ ရမှတ်ေပါင်းဟာ (ဝ.၅၁)မှတ်သာရှိပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးမှတ်တမ်း ဖြစ်နေပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အသင်းသုံးသင်းက ပြီးခဲ့တဲ့ရာသီ တန်းဆင်းအသင်း သုံးသင်းထက် နိုင်ပွဲရာခိုင်နှုန်းနည်းနေတာပါ။

လက်ရှိရာသီပရီးမီးယားလိဂ်ရဲ့အကောင်း ဆုံးဖျော်ဖြေရေးက နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်တို့ရဲ့အံ့မခန်းစွမ်းရည်တွေပဲ ဖြစ်လိမ့်မယ်။ ပရီးမီးယားလိဂ်ဘုရင် မန်စီးတီး အင်အားချည့်နဲ့သွားတာ၊ အာဆင်နယ်က ဒုတိယလူအဆင့်ထက် မပိုသေးတာ၊ မန်ယူ၊ ချယ်လ်ဆီး၊ စပါးတို့က မတည်ငြိမ်တာတွေကြောင့်လည်း ပရီးမီးယားလိဂ်ထိပ် တန်းအဆင့်အားပြိုင်ပွဲဟာ သံပတ်လျော့နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့လက်ကျန်ဖျော်ဖြေရေး ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ် သိမ်းပိုက်လိုက်ပြီ တန်းဆင်းရမယ့် အသင်းတွေလည်း အဖြေထွက်နေပြီ။ ဒီတော့ ပရီးမီးယားလိဂ်ရဲ့ရင်ခုန်သံဟာ တိုးလျနေသလိုပဲ။ ပရီးမီးယားလိဂ်မှာ မျက်တောင်မခတ်စတမ်း စောင့်မျှော်ကြည့်ရှုစ ရာရှိသေးရဲ့လား။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကပဲ ပရီးမီးယားလိဂ်ရဲ့လက်ကျန်ရင်ခုန်စရာ ဖြစ်လာတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် အသင်းငါးသင်း အပြိုင်အဆိုင် လုယူနေကြတာပါ။ လီဗာပူးလ်နဲ့အာဆင်နယ်က အဆင့်တစ်နဲ့ နှစ်နေရာကို ပိုင်ဆိုင်ထားပြီး ကျန်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် သုံးနေရာအတွက် နော်တင်ဟမ်ဖောရက်စ်၊ နယူးကာဆယ်၊ မန်စီးတီး၊ချယ်လ်ဆီး၊ ဗီလာတို့က အမှားမခံဘဲ အပြိုင်အဆိုင်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ရာသီအထိ လေးရာသီဆက် ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးက ချန်ပီယံလိဂ်ဝင်ခွင့် မရေမရာဖြစ်နေတာ သံဝေဂရစရာပါ။ ဒီနေရာမှာ ချီးကျူးရမှာ နယူးကာဆယ်ပါ။ လိဂ်ဖလားချန်ပီယံ ဖြစ်ပြီးနောက် နယူးကာဆယ်က ချန်ပီယံလိဂ်ဝင် ခွင့်အတွက် အားစိုက်ရုန်းကန်လာတယ်။ နောက်ထပ်ချီးကျူးရမှာ နော်တင်ဟမ်ဖောရက်စ်ပါ။ တန်းဆင်းရမယ့်အခြေအနေကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်တဲ့အထိ နော်တင်ဟမ်ဖောရက်စ်အသွင် ပြောင်းနိုင်ခဲ့တယ်။ နူနိုဆန်တိုရဲ့အသင်းက Possession Game ကိုဆန့်ကျင်ပြီး သူတို့မျှော်လင့်ချက်ကို အသက်သွင်းနေတာပါ။ ဗီလာကလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ရပြီးနောက်လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာရုံစိုက်လာတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက် နယူကားဆယ်ကို ဂိုးပြတ်အနိုင်ရလိုက်တာဟာ ဗီလာရဲ့မျှော်လင့်ချက်ကို ပိုပြီးအားကောင်းစေတယ်။ ချယ်လ်ဆီးနည်းပြ မာရက်စကာက ချန်ပီယံလိဂ်ဝင်ခွင့်ဟာ သူ့ရဲ့ ဂုဏ်သိက္ခာလို့ ပြောထားပါတယ်။ ချယ်လ်ဆီးအသင်းပရိသတ် တွေကလည်း ကွန်းဖရန့်လိဂ်မှာ အကောင်လုပ်ရတာ မကြိုက်ပါဘူး။ ချန်ပီယံလိဂ်မှာ သူတို့အစွမ်းအစ ပြချင်နေတာပါ။ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် ငါးနေရာ ရရှိမှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲကြောင့် ပရီးမီးယားလိဂ်က ပျင်းစရာမကောင်းသေးပါဘူး။

မူရင်းသတင်း — Eleven Media Group