
ဒီစနေညမှာတော့ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကစားဖို့ ရှိတယ်။ ဒီတစ်ကြိမ်ဗိုလ်လုပွဲက ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာရဲ့ El Clásico ဗိုလ်လုပွဲဆိုတော့ စိတ်ဝင်စားဖို့လည်း ကောင်းနေတယ်။ ပြီးခဲ့တဲ့ (၁၅)နှစ်အတွင်း ဒီနှစ်သင်းက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ (၃)ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ (၂)ကြိမ်စလုံးမှာ ရီးယဲလ်မက်ဒရစ်ကချည်းပဲ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံဖြစ်ထားလို့ ဒီတစ်ကြိမ်တော့ ဘာစီလိုနာ ပြန်လာနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဒီစနေညမှာတော့ စပိန်ဘုရင့်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကစားဖို့ ရှိတယ်။ ဒီတစ်ကြိမ်ဗိုလ်လုပွဲက ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာရဲ့ El Clásico ဗိုလ်လုပွဲဆိုတော့ စိတ်ဝင်စားဖို့လည်း ကောင်းနေတယ်။ ပြီးခဲ့တဲ့ (၁၅)နှစ်အတွင်း ဒီနှစ်သင်းက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ (၃)ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်တယ်။ ပြီးခဲ့တဲ့ (၂)ကြိမ်စလုံးမှာ ရီးယဲလ်မက်ဒရစ်ကချည်းပဲ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံဖြစ်ထားလို့ ဒီတစ်ကြိမ်တော့ ဘာစီလိုနာ ပြန်လာနိုင်မလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။
စပိန်ဘုရင့်ဖလားပြိုင်ပွဲက စပိန်ရဲ့ သက်တမ်း ရှည်ပြိုင်ပွဲကြီးတစ်ခုဆိုလည်း မမှားဘူး။ နှစ်ပေါင်း (၁၂၂)သက်တမ်းရှိပြီး ဒီသက်တမ်းရှည်ပြိုင်ပွဲကြီးမှာ အအောင်မြင်ဆုံးအသင်းကတော့ ဘာစီလိုနာ ဖြစ်တယ်။ ဘာစီလိုနာဟာ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို (၄၂)ကြိမ်နဲ့ အများဆုံးကစားခွင့်ရတဲ့ အသင်းအဖြစ် စံချိန်တင်ထားနိုင်ပြီး (၃၁)ကြိမ်နဲ့ ချန်ပီယံဆုအများဆုံးစံချိန်ကိုပါ ပိုင်ဆိုင်ထားတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ ဗိုလ်လုပွဲထဲမှာ စုစုပေါင်း အကြိမ် (၂၀)နဲ့ ရှုံးပွဲစံချိန်တင်ထားတဲ့အသင်းပါ။ ဒါကြောင့်လည်း ဒီတစ်ကြိမ်ဗိုလ်လုပွဲက ဒီပြိုင်ပွဲမှာ အောင်ပွဲအများဆုံးစံချိန်ရှင်နဲ့ ရှုံးပွဲအများဆုံးစံချိန်ရှင် (၂)သင်း ထိပ်တိုက်တွေ့ဆုံကြတော့မယ့်ပွဲလည်း ြဖစ်နေတယ်။
တကယ်တမ်းပြောရရင် ဒီ(၂)သင်းရဲ့ စပိန် ဘုရင့်ဖလားအပေါ် အာရုံစိုက်ပုံချင်းကလည်း မတူကြဘူး။ အောင်ပွဲအများဆုံးရထားတဲ့ ဘာစီလိုနာက ဒီပြိုင်ပွဲအပေါ် ပိုပြီးအာရုံစိုက်ထားမှုက ပေါ်လွင်နေခဲ့ပေမဲ့ ရီးယဲလ်မက်ဒရစ်ကတော့ ဘာစီလိုနာလိုမဟုတ်ဘူး။ ရီးယဲလ်အတွက် ဒီပြိုင်ပွဲက မဖြစ်မှသာ အောင်ပွဲရရေးအားထုတ်တဲ့ ဒုတိယတန်းစား ပြိုင်ပွဲတစ်ခုလို့ ပြောလို့ရတယ်။ ရီးယဲလ်ဟာ စပိန်ဘုရင့်ဖလားထက် ချန်ပီယံလိဂ်နဲ့ လာလီဂါဘက်ကိုသာ အမြဲဦးစားပေး အားစိုက်လေ့ရှိပြီး စပိန်ဘုရင့်ဖလားကိုတော့ အဓိကပြိုင်ပွဲတွေမှာ အောင်ပွဲမရမှသာ သိက္ခာဆယ်ဖလားအဖြစ် ဦးစားပေးတတ်တာပါ။ ဒီရာသီမှာတော့ ရီးယဲလ်အတွက် စပိန်ဘုရင့်ဖလားရယူနိုင်ရေးက အရေးပါလာနေပါပြီ။ ဒါကြောင့် ရီးယဲလ်ရဲ့ စပိန်ဘုရင့်ဖလား ရယူနိုင်ရေးအတွက် အရင်ကထက်ပိုပြီး အားစိုက်လာနိုင်မှုက ဒီတစ်ကြိမ် El Clásico ဗိုလ်လုပွဲရဲ့ ပြိုင်ဆိုင်မှု အရှိန်ကိုပါ ပိုမြှင့်တင်ပေးရာ ရောက်လာတော့မှာပဲ ဖြစ်တယ်။
ဒီရာသီတစ်လျှောက်လုံးမှာလည်း ဘာစီလိုနာနဲ့ ရီးယဲလ်(၂)သင်းရဲ့ အားပြိုင်မှုက စိတ်ဝင်စားစရာကောင်းခဲ့တယ်။ အစောပိုင်းမှာ (၂)သင်းစလုံးရဲ့ စံချိန်တင်ဖလား(၃)လုံး ရယူပြနိုင်ရေး မျှော်လင့်ချက်အတွက် အချင်းချင်းထိပ်တိုက်တွေ့ရတော့မယ့်အခြေအနေအထိ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီမျှော်လင့်မှုက ချန်ပီယံလိဂ်မှာ အာဆင်နယ်ကို ရှုံးပြီး ရီးယဲလ် ပြိုင်ပွဲက ထွက်လိုက်ရပြီးနောက်မှာတော့ အဆုံးသတ်ခဲ့ရပြီး ပြည်တွင်းလက်ကျန်ဆုဖလား (၂)လုံးအတွက်ပဲ အားပြိုင်ရတော့မယ့်အဆင့်ကို လျော့ကျသွားခဲ့ရတယ်။ ပြည်တွင်းမှာတော့ ဘာစီလိုနာနဲ့ ရီးယဲလ်က အပြိုင်အဆိုင်ရှိနေကြတုန်းပဲ။ လာလီဂါမှာ ဘာစီလိုနာကို ရီးယဲလ်က ေနာက်ကနေ ဖိအားပေးနေပြီး အခုစပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာလည်း အချင်းချင်း ထိပ်တိုက်တွေ့အောင်ပွဲရှာ ကြရတော့မယ်။ ရီးယဲလ်ရဲ့အနေအထားကြောင့် ဘာစီလိုနာရဲ့ ဖလား (၃)လုံးမျှော်လင့်ချက်ပါ စိုးရိမ်စရာဖြစ်လာနေတာတော့ အမှန်ပဲ။ ရီးယဲလ်ဟာ ချန်ပီယံလိဂ်က ထွက်လိုက်ရပြီးနောက် ဖိအားတွေများလာတယ်။ ဒီဖိအားတွေ အောက်မှာ ပြန်ရုန်းထွက်နိုင်ရေးအတွက် လက်ကျန်ပြည်တွင်းဆုဖလား (၂)လုံးက အရေးပါလာတယ်။ အထူးသဖြင့် ဘာစီလိုနာနဲ့ အမှတ်ကွာနေတဲ့ လာလီဂါထက် အခုဗိုလ်လုပွဲကစားရမယ့် စပိန်ဘုရင့်ဖလားမှာ ချန်ပီယံဖြစ်ရေးက ရီးယဲလ်ရဲ့ အရေးပါဆုံး မျှော်လင့်ချက်လိုလည်း ဖြစ်လာတယ်။ စပိန်ဘုရင့်ဖလားမှာ ချန်ပီယံဆု ယူမပြနိုင်ခဲ့ရင် ရီးယဲလ်ရဲ့အခြေအနေက အဆိုးဘက်ကို ပိုရောက် သွားဖို့လည်း များနေတယ်။ အခုတောင် စပိန်ဘုရင့် ဖလားချန်ပီယံ မဖြစ်တာနဲ့ နည်းပြ အန်ဆယ်လော့ တီကိုတောင် ရာထူးက ချက်ချင်းထုတ်ပယ်ဖို့ ရှိနေတယ်ဆိုတဲ့သတင်းမျိုးတွေတောင် ထွက်နေတယ်။ ဒါကြောင့် ရီးယဲလ်အတွက် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာကို အနိုင်ကစားပြီး ချန်ပီယံဆုရယူနိုင်ရေးက အခုချိန်မှာ အရေးကြီးဆုံးရည်မှန်းချက်ဖြစ်ေနတယ်။ နောက်ပြီး ဒီတစ်ရာသီလုံး ဘာစီလိုနာနဲ့ ရင်ဆိုင်ရတိုင်း အရှုံးပေါ် ခဲ့မှုအတွက်လည်း ဒီဗိုလ်လုပွဲမှာ ပြန်ပေးဆပ်ပြနိုင်ရေးက ရီးယဲလ်အတွက် အခွင့်အရေးတစ်ခုလိုရှိနေတာ သေချာတယ်။ ရီးယဲလ်ဟာ အခုတစ်ကြိမ် ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ မဖြစ်မနေ အနိုင်ယူပြီး ဆုဖလားပါအရယူဖို့ အားစိုက်လာတော့မှာဖြစ်တယ်။
ဒီအနေအထားက ဘာစီလိုနာအတွက် စိုးရိမ်စရာပါပဲ။ ဘာစီလိုနာဟာ အခုတလော ပွဲကျပ်တွေ ဆက်တိုက်ကစားနေရပြီး အသင်းကလည်း နည်းနည်းနွမ်းလျလာနေတဲ့ပုံပေါ်နေတယ်။ ဘာစီလိုနာအတွက်တော့ ဖလား (၃)လုံးလမ်းကြောင်း အပေါ် ဟန်ချက်ညီအောင် လျှောက်နေရပြီး ပြိုင်ပွဲ (၃)ခုစလုံးကို အာရုံမျှပေးထားရတဲ့ အချိန်လည်း ဖြစ်နေတယ်။ အခုလည်း စပိန်ဘုရင့်ဖလားမှာ ရီးယဲလ်လို မဟာပြိုင်ဘက်ကြီးနဲ့ ဖလားလုပွဲ ကစားပြီးတာနဲ့ ချန်ပီယံလိဂ်မှာလည်း အရေးကြီးတဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ကို အင်တာမီလန်နဲ့ ဆက်ကစားရဦးမယ်။ ဒါကြောင့် ဘာစီလိုနာရဲ့ အနေအထားက ရီးယဲလ်လို စပိန်ဘုရင့်ဖလားပြိုင်ပွဲတစ်ခု တည်းအပေါ်ကို အပြည့်အဝအာရုံစိုက်လို့ မရနိုင်သလိုဖြစ်နေတယ်။ နောက်ပြီး ရီးယဲလ်ကလည်း ဘာစီလိုနာရဲ့ ဖလား (၃)လုံးမျှော်လင့်ချက်ကို အဓိက အနှောင့်အယှက်ပေးမယ့် အတားအဆီးတစ်ခုလိုလည်း ဖြစ်နေသေးတယ်။ ဘာစီလိုနာဟာ အခု စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကစားပြီးတာနဲ့ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ဆက်ကစားမှာဖြစ်သလို၊ ချန်ပီယံလိဂ် ဒုတိယအကျော့ကစားပြီးချိန်မှာလည်း ရီးယဲလ်ကို လာလီ
ဂါမှာ ဆက်တိုက်ရင်ဆိုင်ရမယ့် အနေအထားကိုကြည့်ရင် ရီးယဲလ်က ဘာစီလိုနာရဲ့ ဖလား (၃)လုံးမျှော်လင့်ချက်အတွက် အဓိက ပြိုင်ဘက်အဖြစ် အနှောင့်အယှက်ပေးနိုင်မှုကို ကောင်းကောင်းမြင်တွေ့ရမှာပဲဖြစ်တယ်။ ဘာစီလိုနာအတွက် နောက်ထပ်ပြဿနာတစ်ခုက ဒဏ်ရာပြဿနာပါ။ ပြိုင်ပွဲ (၃)ခုလုံးရဲ့ အရေးပါဆုံးပွဲတွေကို ဖြတ်သန်းရတော့မယ့်အချိန်မှာပဲ ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေလည်း တိုးလာတယ်။ အခုဆို အဓိကတိုက်စစ်မှူးဖြစ်တဲ့ လီဝန်ဒေါစကီးပါ ဒဏ်ရာထပ်ရသွားလို့ ဘာစီလိုနာဟာ အနီးကပ်ဆုံးကစားရတော့မယ့် ရီးယဲလ်နဲ့ စပိန်ဘုရင့်ဗိုလ်လုပွဲကို အဓိကကစားသမားတွေ ဖြစ်တဲ့ လီဝန်ဒေါစကီး၊ ဘယ်လ်ဒီ၊ ကာဆာဒိုတို့ မပါဘဲ ကစားရတော့မယ်။ ဒါဟာ ဘာစီလိုနာနဲ့ နည်းပြကြီး ဟန်ဆီဖလစ်ခ်အတွက်တော့ အဓိက ထိုးနှက်မှုတစ်ခုလိုဖြစ်လာတယ်။ ဘာစီလိုနာဟာ ဟန်ဆီဖလစ်ခ်လက်ထဲမှာ ရာသီအစ အမေရိကန် ခြေစမ်းပွဲ၊ လာလီဂါ ပထမအကျော့နဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစတဲ့ပွဲတွေမှာ ရီးယဲလ်နဲ့တွေ့တိုင်း အမြဲတမ်း အနိုင်ယူထားနိုင်ခဲ့ပေမဲ့ အခုစပိန်ဘုရင့်ဖလား ဗိုလ်လုပွဲအဖြစ် (၄)ကြိမ်မြောက် ထပ်အတွေ့မှာတော့ ရီးယဲလ်ကို အရင်ပွဲတွေထက် ခက်ခက်ခဲခဲ ပိုရင်ဆိုင်လာရတော့မှာပဲ ဖြစ်တယ်။