Eleven Media Group

အင်ဇာဂီ နဲ့ ကွန်တီ ချန်ပီယံဆု ဘယ်သူ့အတွက်လဲ

Photo : X

ဥရောပရဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီက မကြာခင် အဆုံးသတ်တော့မှာပါ။ ဒါကြောင့် ချန်ပီယံဆုအတွက် အဖြေထွက်တဲ့ လိဂ်တွေလည်း ရှိနေပါပြီ။ ပြင်သစ်လီဂူးမှာ PSG အသင်းက ရာသီအဆုံးသတ်ဖို့ (၆)ပွဲအလိုမှာကတည်းက ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်က အခုလာမယ့်ပွဲစဉ်မှာ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။ ဘွန်ဒစ်လီဂါမှာလည်း ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို(၈)မှတ်ဖြတ်ထားပြီြဖစ်တာကြောင့် ချန်ပီယံဖြစ်ဖို့ မဝေးတော့ပါဘူး။ လာလီဂါမှာလည်း ဘာစီလိုနာအသင်းက ချန်ပီယံဖြစ်ဖို့ အလားအလာများနေပါတယ်။ ဥရောပထိပ်သီးလိဂ်(၅)ခုထဲမှာ (၄)ခုက ချန်ပီယံဆုအတွက် အဖြေရှာစရာမလို တော့အောင် ဖြစ်နေပေမဲ့ စီးရီးအေကတော့ ခြွင်းချက်အဖြစ် ရှိနေပါတယ်။ စီးရီးအေမှာ အင်တာမီလန်နဲ့ နာပိုလီတို့က အမှတ်တူနဲ့ အပြိုင်ပြေးနေဆဲ ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ချန်ပီယံလုပွဲအဖြစ် သတ်မှတ်ခံထားရပြီး အီတလီမီဒီယာတချို့ကတော့ ချန်ပီယံဆုအတွက် Play-off ကစားပြီးတောင် ဆုံးဖြတ်ရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီရာသီ စီးရီးအေချန်ပီယံဆုက အင်တာမီလန်အတွက်ပဲ ဖြစ်မလား၊ နာပိုလီ အတွက်ပဲ ဖြစ်မလား။

အင်ဇာဂီ နဲ့ ကွန်တီ ချန်ပီယံဆု ဘယ်သူ့အတွက်လဲ

ဥရောပရဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီက မကြာခင် အဆုံးသတ်တော့မှာပါ။ ဒါကြောင့် ချန်ပီယံဆုအတွက် အဖြေထွက်တဲ့ လိဂ်တွေလည်း ရှိနေပါပြီ။ ပြင်သစ်လီဂူးမှာ PSG အသင်းက ရာသီအဆုံးသတ်ဖို့ (၆)ပွဲအလိုမှာကတည်းက ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း လီဗာပူးလ်က အခုလာမယ့်ပွဲစဉ်မှာ ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။ ဘွန်ဒစ်လီဂါမှာလည်း ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို(၈)မှတ်ဖြတ်ထားပြီြဖစ်တာကြောင့် ချန်ပီယံဖြစ်ဖို့ မဝေးတော့ပါဘူး။ လာလီဂါမှာလည်း ဘာစီလိုနာအသင်းက ချန်ပီယံဖြစ်ဖို့ အလားအလာများနေပါတယ်။ ဥရောပထိပ်သီးလိဂ်(၅)ခုထဲမှာ (၄)ခုက ချန်ပီယံဆုအတွက် အဖြေရှာစရာမလို တော့အောင် ဖြစ်နေပေမဲ့ စီးရီးအေကတော့ ခြွင်းချက်အဖြစ် ရှိနေပါတယ်။ စီးရီးအေမှာ အင်တာမီလန်နဲ့ နာပိုလီတို့က အမှတ်တူနဲ့ အပြိုင်ပြေးနေဆဲ ဖြစ်တာကြောင့်ပါပဲ။ ဒါကြောင့် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ချန်ပီယံလုပွဲအဖြစ် သတ်မှတ်ခံထားရပြီး အီတလီမီဒီယာတချို့ကတော့ ချန်ပီယံဆုအတွက် Play-off ကစားပြီးတောင် ဆုံးဖြတ်ရနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီရာသီ စီးရီးအေချန်ပီယံဆုက အင်တာမီလန်အတွက်ပဲ ဖြစ်မလား၊ နာပိုလီ အတွက်ပဲ ဖြစ်မလား။

အကောင်းဆုံး စိန်ခေါ်ပွဲ
စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်း ချန်ပီယံဆု (၉)ရာသီဆက် ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ချန်ပီယံဆုကို ကာကွယ်နိုင်တဲ့အသင်း မပေါ်ပေါက်သေးပါဘူး။ ဂျူဗင်တပ်စ်ရဲ့ စိုးမိုးမှုကို အင်တာမီလန်အသင်းက အဆုံးသတ်နိုင်ခဲ့ပြီး နောက်ဆုံး(၄)ရာသီအတွင်း မှာ ချန်ပီယံဆု (၂)ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အဲဒီ (၄) ာသီမှာ အင်တာမီလန်က ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ်လည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆုကိုတော့ ကာကွယ်နိုင်ခင်းမရှိခဲ့ပါဘူး။ အဲဒီ (၄)ရာသီမှာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြနှစ်ဦးရှိခဲ့ပြီး လက်ရှိနည်းပြ အင်ဇာဂီနဲ့ ကွန်တီတို့ပါ။ ကွန်တီက ၂၀၁၉-၂၀ နဲ့ ၂၀၂၀-၂၁ နှစ်ရာသီ ကိုင်တွယ်ရာမှာ ဒုတိယတစ်ကြိမ်နဲ့ ချန်ပီ ယံဆုတစ်ကြိမ် ရယူကာ ဂျူဗင်တပ်စ်အသင်းရဲ့ စိုး မိုးမှုကို အဆုံးသတ်ပေးခဲ့သူဖြစ်ပြီး အင်ဇာဂီက ၂၀၂၁-၂၂ ရာသီကနေ လက်ရှိအချိန်အထိ ကိုင် တွယ်နေတာပါ။ အင်ဇာဂီက ပထမဆုံးနှစ်ရာသီမှာ

စီးရီးအေချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို၊ ဒီရာသီမှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။ ထူးခြားမှုလို့ ဆိုရမှာကတော့ အင်ဇာဂီ အင်တာမီလန်အသင်းကို ရောက်ရှိချိန်ကစပြီး စီးရီးအေချန်ပီယံလုပွဲက အရင်ထက်ပြိုင်ဆိုင်မှုပြင်းထန်လာတာပါ။ ဒါက ဂျူဗင်တပ်စ်ခေတ်လွန်ကာလမှာ ပြိုင်ဘက်အသင်းတွေကြား အင်အားကွာခြားချက် နည်းပါးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးနှစ်ရာသီမှာ နာပိုလီနဲ့ အင်တာမီလန်တို့ အမှတ်ဖြတ်ဗိုလ်စွဲခဲ့ကြပေမဲ့ ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့၊ စိန်ခေါ်နိုင်တဲ့ အသင်းတွေက ပိုများလာပါတယ်။ ဒီတော့ ပရီးမီးယားလိဂ်လိုပဲ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုတွေကလည်း ရောရောထွေးထွေးဖြစ်လာပါတယ်။ ဒါဟာ အမှတ်ပေးပြိုင်ပွဲတစ်ခုကို စိတ်ဝင်စားမှုမြင့်တက်စေတဲ့ ကောင်းသောလက္ခဏာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ရာသီအဆုံးသတ်ပိုင်း ရောက်လာချိန်မှာတော့ ချန်ပီယံဆုအတွက် အဓိကပြိုင်ဆိုင်ရမယ့် အသင်းနှစ်သင်းကတော့ ပြက်ပြက်ထင်ထင် ရှိလာတတ်စမြဲပါပဲ။ ဒီရာသီအတွက် ပြိုင်ဆိုင်နေရတာက အင်တာမီလန်နဲ့ နာပိုလီပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ဒုတိယနေရာက အေစီမီလန်အသင်းကို (၁၉)မှတ်ဖြတ်ပြီး ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ အင်တာမီလန်နဲ့ အင်ဇာဂီတို့အတွက် အကောင်းဆုံးစိန်ခေါ်မှုကို ရင်ဆိုင်နေရခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက (၅)ပွဲအလိုမှာ ချန်ပီယံအဖြစ် အဖြေထွက်ခဲ့ပေမဲ့ ဒီရာသီမှာတော့ နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်သွားရမယ့် အလားအလာလည်း ရှိနေပါတယ်။ အင်ဇာဂီရဲ့ ချန်ပီယံကာကွယ်ပွဲမှာ အဓိကစိန်ခေါ်သူဖြစ်လာတာက ကွန်တီ ဖြစ်နေတာကတော့ စီးရီးအေပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ပိုကောင်းသွားစေခဲ့ပါတယ်။ ဘာေကြာင့်လဲဆိုတော့ ကွန်တီက အင်တာမီလန်အသင်းကို စီးရီးအေချန်ပီယံဆု တစ်ကျော့ ပြန်ရယူပေးခဲ့သူ၊ ဂျူဗင်တပ်စ်အသင်းနဲ့လည်း စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်နေတာကြောင့်ပါ။ တစ်နည်းအားဖြင့် ေပြာရရင်တော့ ကွန်တီက အသင်းဟောင်းတွေဆီက စီးရီးအေချန်ပီယံဆုကို အသင်းသစ်အတွက် လုယူပေးနေသူလည်း ဖြစ်ပါတယ်။ ပြီးတော့ နာပိုလီအသင်းကလည်း ၂၀၂၂-၂၃ ရာသီမှာ စီးရီးအေချန်ပီယံဆုကို တစ်ကျော့ပြန်ရယူပြီး ချန်ပီယံအသွေးအသွားအပြည့်နဲ့ အသင်းဖြစ်နေတာကြောင့် အင်ဇာဂီနဲ့ အင်တာမီလန်အသင်း ခြေလှမ်းတစ်ချက်မှ မှားလို့မရအောင် ဖြစ်နေပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ အင်တာမီလန်အသင်း ဘိုလော့ဂ်နာကို ရှုံးပြီး ခြေလှမ်းမှားခဲ့တာကြောင့်လည်း နာပိုလီက လိုက်မီသွားခဲ့တာပါ။ ဒါပေမဲ့ တစ်ရာသီလုံးစာ ခြုံကြည့် မယ်ဆိုရင်တော့ နာပိုလီအသင်းက လက်ရှိနေရာမှာ ရပ်တည်နိုင်ဖို့အတွက် ထိုက်တန်တဲ့ဖြတ်သန်းမှု ရှိခဲ့တာအမှန်ပါပဲ။

(၅)ပွဲအလို
နာပိုလီအသင်းက ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့်(၁၀)သာ ရရှိခဲ့တာကြောင့် ဒီရာသီမှာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။ ဒါက ဒီရာသီ စီးရီးအေပြိုင်ဆိုင်မှုအတွက် အားသာချက်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဒါကို ကွန်တီကလည်း ကောင်းကောင်းအသုံးချနိုင်ခဲ့ပါတယ်။ နာပိုလီအသင်းက ပွဲစဉ်(၄)ကစပြီး စီးရီးအေအမှတ်ပေးဇယား ဒုတိယနေရာအောက် မရောက်ခဲ့ပါဘူး။ ပထမနေရာကို အင်တာမီလန်ထက်တောင် ပိုပြီးရယူနိုင်ခဲ့ပါတယ်။ အင်တာမီလန်က ပွဲစဉ်(၂၆)ရောက် မှ ထိပ်ဆုံးနေရာကို လွှဲပြောင်းရယူနိုင်ခဲ့တာပါ။ ပွဲကျပ်ကာလကို ရင်ဆိုင်ရင်း နာပိုလီအသင်း ပြိုလဲသွားခဲ့ချိန်မှာ အင်တာမီလန်အသင်း အခွင့်အရေး ယူနိုင်ခဲ့တာပါ။ တကယ်တော့ အဲဒီအချိန်မှာ အင်တာမီလန်ရဲ့ ဖြတ်သန်းမှုကလည်း အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ နာပိုလီအသင်းက (၅)ပွဲဆက် နိုင်ပွဲပျောက်ပြီး (၅)မှတ်သာ ရယူနိုင်ခဲ့တာကြောင့် (၈)မှတ်ရခဲ့တဲ့ အင်တာမီလန်အသင်းက ကျော်တက်ခဲ့တာပါ။ အဲဒီကာလအတွင်း နှစ်သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲလည်း ပါဝင်ခဲ့ပြီး အဲဒီပွဲမှာတော့ (၁-၁)ဂိုးနဲ့ အမှတ်ခွဲယူခဲ့ကြပါတယ်။ ပထမအကျော့တုန်းကလည်း (၁-၁)ဂိုးနဲ့ပဲ သေရကျခဲ့တာကြောင့် Head to Head ရလဒ်မှာ ဘယ်သူမှ အသာမရဘဲ ရှိနေပါတယ်။ Head to Head မှတ်တမ်းကလည်း စီးရီးအေချန်ပီယံဆုအတွက် ပြိုင်ဆိုင်နေရတဲ့အသင်းနှစ်သင်းကြားမှာ အရေးမပါတော့ပါဘူး။

တခြားလိဂ်တွေမှာ ချန်ပီယံဆုအတွက် အမှတ်တူနေခဲ့ရင် ဂိုးကွာခြားချက်တွေ၊ Head to Head ရလဒ်တွေ ထပ်ကြည့်ပြီး ဆုံးဖြတ်ပေမဲ့ စီးရီးအေမှာကတော့ Play-off တစ်ပွဲထပ်ကစားရမှာပါ။ ဒီစည်းမျဉ်းကို ၂၀၂၂ ခုနှစ်မှာ ချမှတ်ခဲ့တာဖြစ်ပေမဲ့ လက်ရှိအချိန်အထိတော့ အသုံးမပြုရသေးပါဘူး။ စီးရီးအေမှာ ချန်ပီယံဆုရယ်၊ တန်းဆင်းဇုန်အဆင့်(၁၈)နေရာရယ်အတွက် ပြိုင်ဆိုင်မှုမှာ အမှတ်တူနေခဲ့ရင် အဆုံးအဖြတ်ပွဲ Play-off ကစားရမယ်လို့ စည်းမျဉ်းအသစ်သတ်မှတ်ထားတာပါ။ ဒါကြောင့် ဒီရာသီ စီးရီးအေ ချန်ပီယံဆုအတွက် အင်တာမီလန်နဲ့ နာပိုလီတို့ Play-off ကစားရနိုင်တယ်လို့ အီတလီမီဒီယာတွေက ထင်ကြေးပေးနေကြတာပါ။ အရင်စည်း မျဉ်းအတိုင်းသာဆိုရင် Head to Head တူညီနေတဲ့အခြေအနေမှာ ဂိုးကွာခြားချက်အသာရထားတဲ့ အင်တာမီလန်အသင်းက အခွင့်အလမ်းပိုသာနေပေမဲ့ အခုတော့ အခွင့်အရေးတူအနေအထားပဲ ဖြစ်ေနပါတယ်။ ဒါပေမဲ့ အသာရထားတဲ့ ဂိုးကွာခြားချက်က အလကားတော့ မဖြစ်ပါဘူး။ တကယ်လို့ Play-off ကစားရမယ်ဆိုရင် ဂိုးကွာခြားချက်အသာရတဲ့အသင်းက အိမ်ကွင်းဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ ဆိုလိုတာက Play-off ပွဲကို ကြား ကွင်းတစ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမဲ့ ဂိုးကွာခြားချက်အသာရတဲ့အသင်းက အိမ်ရှင်အခွင့်အရေးတွေဖြစ်တဲ့ အိမ်ကွင်းဝတ်စုံဝတ်ရတာ၊ လက်မှတ်ခွဲတမ်းပိုရတာစတဲ့ အားသာချက်တွေ ရရှိမယ့် သဘောပါ။ အင်တာမီလန်နဲ့ နာပိုလီတို့က လက်ကျန်(၅)ပွဲအလိုမှာ (၇၁)မှတ်စီ ရရှိထားကြတာကြောင့် Play-off ကစားရနိုင်တယ်လို့ ခန့်မှန်းခံထားရတာပါ။ လောင်းကစားကုမ္ပဏီတွေရဲ့ အလေးပေးမှုမှာလည်း အင်တာမီလန်က နာပိုလီထက် အနည်းငယ်အသာရရုံပဲ ရှိနေပါတယ်။ အင်တာမီလန်ရဲ့ လက်ရှိခြေစွမ်းက နာပိုလီထက် ပိုကောင်းနေပေမဲ့ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာပွဲတွေကြောင့် ပွဲပန်းမှုဒဏ်ရှိနေတဲ့အတွက် နာပိုလီအသင်း အားသာသွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ပွဲကျန်အနေအထားချင်းကတော့ သိပ်ပြီးခြားနားမှု မရှိပါဘူး။ အင်တာမီလန်က ရောမမြို့ခံထိပ်သီးတွေဖြစ်တဲ့ ရိုးမား၊ လာဇီယိုတို့နဲ့ ရင်ဆိုင်ရဖို့ရှိနေပြီး နာပိုလီကတော့ တန်းဆင်း အန္တရာယ်အတွက် ရုန်းကန်နေရတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သေချာတာကတော့ အတိမ်းအစောင်းမခံတဲ့ ပန်းဝင်ခရီးကို နှစ်သင်းစလုံး သတိကြီးကြီးနဲ့ ဖြတ်သန်းကြရတော့မှာပါ။ အင်ဇာဂီကပဲ ချန်ပီယံဆုကို ကာကွယ်သွားနိုင်မလား၊ ကွန်တီကပဲ စီးရီးအေချန်ပီယံဆုကို နာပိုလီအသင်းနဲ့ ထပ်ယူသွားနိုင်မလားဆိုတာ . . . ။

အင်တာမီလန်အသင်း၏ လက်ကျန်(၅)ပွဲ
ရိုးမား(အိမ်ကွင်း)
ဗီရိုနာ(အိမ်ကွင်း)
တိုရီနို(အဝေးကွင်း)
လာဇီယို(အိမ်ကွင်း)
ကိုမို(အဝေးကွင်း)

နာပိုလီအသင်း၏ လက်ကျန်(၅)ပွဲ
တိုရီနို(အိမ်ကွင်း)
လက်ချီ(အဝေးကွင်း)
ဂျီနိုအာ(အိမ်ကွင်း)
ပါးမား(အဝေးကွင်း)
ကာဂလီယာရီ(အိမ်ကွင်း)

မူရင်းသတင်း — Eleven Media Group