Myanmar Transparency News

ဟိုင်းလပ်ယာဥ် အရှိန်မထိန်းနိုင်ဘဲ Toyota Showroom ထဲ ဝင်ရောက်တိုက်မိရာမှ အမျိုးသမီးနှစ်ဦး စိုးရိမ်ဒဏ်ရာရမှု တောင်ကြီးတွင် ဖြစ်ပွား

၂၅.၄.၂၀၂၅
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Toyota Showroom ထဲသို့ ဟိုင်းလပ်ယာဥ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့မှု ယမန်နေ့ကဖြစ်ပွားခဲ့သဖြင့် ဟိုင်းလပ်ယာဥ်ပေါ်လိုက်ပါလာသော အမျိုးသမီးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ Toyota Showroom ဝင်ပေါက်အား အသက် ၂၄ နှစ်အရွယ် ယာဥ်မောင်း ကိုလွင်ဦးမောင် မောင်းနှင်သော Toyota Hilux အမျိုးအစား အဖြူရောင်မော်တော်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းအကွေ့တစ်ဖက်ခြမ်းရှိ Toyota Showroom အတွင်းဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်မတော်တဆမှုကြောင့် ယာဥ်မောင်း အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသူများအနက် အသက် ၁၈ နှစ်အရွယ် မငြိမ်းငြိမ်းအိနှင့် အသက် ၁၆ နှစ်အရွယ် မလင်းလင်းနိုင်တို့တွင် မျက်နှာ၊ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာများရရှိကာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် စဝ်စံထွန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News