Eleven Media Group

■ ယနေ့ည ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
စတုဂတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် နံနက် ၁:၀၀ နာရီ)
စတုဂတ်အသင်းက အမှတ်ပေးပွဲ နောက်ဆုံး(၉)ပွဲမှာ (၁) ပွဲပဲ အနိုင်ရခဲ့တယ်။ အမှတ်ပိုလိုအပ်တဲ့ ဟိုင်းဟိုင်အသင်းနဲ့ပဲ စွန့်စားသင့်တယ်။


■ ပြင်သစ်လီဂူးပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်
PSG - နိုက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် နံနက် ၂:၁၅ နာရီ)
PSG က ချန်ပီယံဖြစ်ပြီးနောက် လီဂူးပြိုင်ပွဲကို သိပ်အားမစိုက်တော့ဘူး။ ပုံမှန်လောက်သာကစားပြီး နောက်ဆုံးပွဲမှာလည်း နန့်စ်ကို သရေသာကစားနိုင်ခဲ့တယ်။ ဒါ့အပြင် ဒီပွဲပြီးရင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် PSG အသင်းအနေနဲ့ အရန်ကစားသမားအများစုကိုပဲ ပွဲထွက်လူစာရင်းမှာ အသုံး ပြုဖို့များတယ်။ နိုက်စ်ကတော့ PSG နဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အတော်လေး အရေးကြီးနေတယ်။ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းနည်းနည်းကျလာပေမဲ့ နိုက်စ်ဘက်ကပဲ ရပ်တည်သင့်တယ်။

မူရင်းသတင်း — Eleven Media Group