Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

စထရာဘိုး - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၉:၃၀ နာရီ)
စထရာဘိုးက ဥရောပဝင်ခွင့်ပစ်မှတ်ထားနေပြီး နောက်ဆုံးပွဲမှာလည်း မိုနာကိုကို သရေကစားခဲ့တယ်။ စိန့်အက်တီယန်က ရုန်းကန်နေပေမဲ့ စထရာဘိုးပဲ ကြိုက်တယ်။


လူအယ်ဗာ - မိုနာကို (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၁၁:၃၀ နာရီ)
လူအယ်ဗာအတွက် သေရေးရှင်ရေးဖြစ်နေပေမဲ့ မိုနာကိုကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ မိုနာကို အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။


လိုင်ယွန် - ရန်းစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် နံနက် ၁:၃၅ နာရီ)
လိုင်ယွန်က စိန့်အက်တီယန်ကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်မှေးမှိန်ခဲ့ရတယ်။ ဒါပေမဲ့ ရန်းစ်ကိုတော့ အိမ်ကွင်းမှာ အနိုင်ကစားဖို့ ကြိုးစားမှာပါ။

မူရင်းသတင်း — Eleven Media Group