
ဘာစီလိုနာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် နံနက် ၂:၃၀ နာရီ)
အခုရာသီအတွင်း တွေ့ဆုံခဲ့တဲ့ လာလီဂါ ပထမအကျော့နဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲတွေမှာ ဘာစီလိုနာအသင်းက နှစ်ပွဲစလုံး ဂိုးပြတ်အနိုင်ကစားခဲ့တယ်။ ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီး ကစားဖို့မရှိပေမဲ့ ဖယ်ရန်တောရက်စ်က အစားထိုးကစားနိုင်စွမ်း ရှိပါတယ်။ လက်ရှိမှာ ဘာစီလိုနာက အသင်းလိုက်စွမ်းဆောင်ရည်မှာ Peak Form ကို ရောက်နေတယ်လို့လည်း ပြောနိုင်တယ်။ ဂွါဒီယိုလာ၊ အန်နရီကေးတို့ ရယူပေးခဲ့တဲ့ ဖလားသုံးလုံး အောင်မြင်မှုမျိုးကို ဟန်ဆီဖလစ်ခ်က လုပ်ပြချင်နေမှာ သေချာပြီး ဘိုင်ယန်မှာလည်း အလားတူ စွမ်းဆောင်ပေးခဲ့ဖူးတယ်။ ရီးယဲလ်အသင်းအဖို့ အခု ဘုရင့်ဖလားက ဒီရာသီ ရနိုင်ခြေအမြင့်ဆုံး ဆုဖလားဖြစ်နေတယ်။ ဒါ့အပြင် ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲရဖို့ နီးစပ်နေတဲ့ နည်းပြ အန်ဆယ်လော့တီအဖို့လည်း နှုတ်ဆက်ဖလား ဖြစ်လာနိုင်တယ်။ ယမားလ်၊ ရာဖင်ညာတို့အုပ်စုက ရီးယဲလ်ကို ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိနေတာ သတိပြုရမယ်။ ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်ချင်တယ်။