
ခရစ္စတယ်ပဲလေ့စ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၁၀:၄၅ နာရီ)
ပုံမှန်ဆိုရင်တော့ ဒီလိုပွဲမျိုးမှာ အနိုင်ရဖို့ရွေးချယ်တဲ့အခါ အက်စတွန်ဗီလာကိုပဲ လွယ်လွယ်ကူကူ ရွေးချယ်ဖို့ ရှိပါတယ်။ လက်ရှိ အက်စတွန်ဗီလာရဲ့ခြေစွမ်းက ပဲလေ့စ်ထက်ပိုကောင်းသလို၊ ဥရောပအဆင့်အထိတက်ပြီး ခြေစွာလာတာ အသင်းလည်းဖြစ်တယ်။ ပိုမိုအင်အားတောင့်တင်းတဲ့ ကစားသမားစုဖွဲ့ မှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်သင်း နောက်ဆုံး ဆုံတွေ့ခဲတဲ့ (၄) ကြိမ်မှာ ပဲလေ့စ်က (၃) ပွဲနိုင်၊ (၁) ပွဲသရေ ကစားထားတာကို ကြည့်ရင် အက်စတွန်ဗီလာကို ကောင်းကောင်းဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းဆိုတာ သိသာသလို၊ ဒီရာသီ လိဂ်ဖလားပြိုင်ပွဲရဲ့အစောပိုင်းအဆင့်မှာလည်း ပဲလေ့စ်က အက်စတွန်ဗီလာကို ဖြုတ်ချခဲ့တဲ့အသင်းပါ။ ဒီပွဲက အနည်းဆုံးတော့ မိနစ် (၉၀) အတွင်း သရေရလဒ်ဆီကို ဦးတည်ပါလိမ့်မယ်။