Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

လေဗာကူဆင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၈:၀၀ နာရီ)
လေဗာကူဆင်အနေနဲ့ ချန်ပီယံလုပွဲက ပြီးသလောက်ဖြစ်သွားပြီ။ အော့စ်ဘတ်အသင်း အမှတ်ပေးပွဲနောက်ဆုံး(၁၄)ပွဲမှာ ဘိုင်ယန်အသင်းကိုပဲ အရေးနိမ့်ထားခဲ့တယ်။ အော့စ်ဘတ်နဲ့ စွန့်စားတာ ပိုကောင်းမယ်။


ဘိုင်ယန်မြူးနစ် - မိန့်ဇ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ပွဲစဉ်(၃၀)အပြီးမှာ (၈)မှတ်အထိ ထပ်ဖြတ်လိုက်တယ်။ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ပြန်လည်ရယူဖို့ကလည်း (၉၉.၉၉)ရာခိုင်နှုန်းလောက် သေချာနေတယ်။ ချန်ပီယံလိဂ်က ထွက်လိုက်ရလို့ ဘိုင်ယန်အသင်း ပရိသတ်ကျေနပ်အောင် ကစားပြရဦးမယ်။ လက်ရှိအခြေအနေမှာတော့ ဘိုင်ယန်အသင်းထက် မိန့်ဇ်က အမှတ်ပိုလိုအပ်နေတာပါ။ မိန့်ဇ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လို့ ရနေသေးပေမဲ့ အရေးကြီးချိန်ရောက်မှ ရလဒ်တွေ ဆိုးရွားသွားပြီး (၅)ပွဲ ဆက်တိုက် နိုင်ပွဲပျောက်နေပါတယ်။ ဘိုင်ယန်ကိုပဲ ရွေးချယ်ချင်တယ်။


ဟော်ဖန်ဟင်မ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဒေါ့မွန်အသင်း ရလဒ်တွေ ပြန်ကောင်းလာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ပြန်မျှော်လင့်လာနိုင်တယ်။ ဟော်ဖန်ဟင်မ်အသင်း အိမ်ကွင်းရလဒ် မဆိုးပေမဲ့ ဒီပွဲလည်း ဒေါ့မွန် အနိုင်ကစားဦးမယ်ထင်တယ်။


ဝုလ်ဖ်ဘတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်းရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်လည်း ကုန်သလောက်ဖြစ်နေပြီ။ ဖရိုင်းဘတ်ဘက်က ရပ်တည်ချင်တယ်။


ဟော်စတိုင်ကီလ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၈:၀၀ နာရီ)
ဟော်စတိုင်ကီလ်အသင်းရဲ့ အမြင့်ဆုံးမျှော်လင့်ချက်က Play-off ကစားခွင့်ရဖို့လောက်ပဲ ရှိတော့တယ်။ ဘယ်လိုပဲဖြစ် ဖြစ် ဟော်စတိုင်ကီလ် အမှတ်ယူမှာပါ။


ဖရန့်ဖတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၆ ရက် ည ၁၁:၀၀ နာရီ)
ဖရန့်ဖတ်အသင်းအဖို့ လိုက်ပ်ဇစ်နဲ့ အိမ်ကွင်းတွေ့ဆုံမှုမှတ်တမ်းက အတော်လေးကောင်းပါတယ်။ ဒါ့အပြင် အိမ်ကွင်းနောက်ဆုံးနှစ်ပွဲဆက်တိုက် နိုင်ပွဲပြန်ယူထားတယ်။ အဆင့် (၃)နဲ့ (၄)အသင်းတွေဖြစ်လို့ အနိုင်ရတဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေအတော်ကောင်းသွားမှာဖြစ်ပြီး ရှုံးနိမ့်တဲ့အသင်းကတော့ စိုးရိမ်ရမယ့်အနေအထား ရောက်သွားလိမ့်မယ်။ လိုက်ပ်ဇစ် သရေတော့ ရနိုင်တယ်။

မူရင်းသတင်း — Eleven Media Group