
ဘုန်းမောက် - မန်ယူနိုက်တက် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၇:၃၀ နာရီ)
ဘုန်းမောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းခက်ခဲသွားပေမဲ့ ဥရောပဝင်ခွင့်တစ်နေရာအတွက်တော့ အားပြိုင်ရမယ့် ပြိုင်ဘက်တွေရှိနေသေးတယ်။ ဒါကြောင့် ရလဒ်ကောင်းဖို့ အရေးကြီးတယ်။ အခြားတစ်ဖက်မှာတော့ မန်ယူနိုက်တက်အသင်းက ယူရိုပါလိဂ်လောက် ဘယ်အရာမှ အရေးမကြီးတဲ့ အချိန်ဖြစ်နေပါပြီ။ ဒီပွဲမှာလည်း အဓိကကစားသမားတွေကို အနားပေးပြီး ဘုန်းမောက်ကို ရင်ဆိုင်နိုင်တယ်။ လူစုံရင်တောင် ဘုန်းမောက်ကစားပုံကိုယှဉ်ဖို့ မလွယ်တဲ့အနေအထားမှာ ဒီပွဲကတော့ ဘုန်းမောက်အတွက်ပါပဲ။
လီဗာပူးလ် - စပါး (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၀:၀၀ နာရီ)
ဒီပွဲက ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံအမှတ်ပေးဖလားကို လီဗာပူးလ်အသင်း ရယူရမယ့် ပွဲဖြစ်တယ်။ ဒီပွဲကိုသာ အနိုင်ရခဲ့ရင် လက်ကျန် (၄) ပွဲအလိုမှာ အနည်းဆုံး (၁၅) မှတ်ကွာသွားမှာဖြစ်လို့ လီဗာပူးလ်ချန်ပီယံဖြစ်ဖို့ သေချာမယ့်ပွဲဖြစ်ပြီး အိမ်ကွင်း အန်ဖီးလ်မှာ ကစားရမှာလည်းဖြစ်လို့ လီဗာပူးလ်အသင်းအတွက်တော့ ကိုယ့်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံရမယ့် အခွင့်အရေးကို လက်လွှတ်ခံမယ်မထင်ဘူး။ စပါးအသင်းကလည်း ယူရိုပါလိဂ်ကိုပဲ အဓိကအာရုံစိုက်ရတော့မယ့် အနေအထားဖြစ်လို့ လီဗာပူးလ်ကို ခြေကုန်ထုတ်ကစားနေမယ် မထင်ဘူး။ လီဗာပူးလ် အနိုင်သေချာတယ်။