Eleven Media Group

■ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

နော်တင်ဟမ်ဖောရက်စ် - မန်စီးတီး (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၀:၀၀ နာရီ)

ဝင်ဘလေကွင်းမှာ ကစားရမယ့် ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ်။ တစ်ချိန်က ချန်ပီယံလိဂ်ဖလားမြှောက်ဖူးတဲ့အထိအောင်မြင်ခဲ့ဖူးတဲ့ နော်တင်ဟမ်က လက်ရှိအချိန်မှာတော့ မေဂျာအောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုတောင် ဘရိုင်ယန်ကလော့ချ်လက်ထက် ၁၉၉၀-၉၁ ရာသီက နောက်ဆုံးရောက်ခဲ့ဖူးတာပါ။ မန်စီးတီးကတော့ နောက်ဆုံး (၇) နှစ်ဆက်တိုက် FA ဖလားဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့တဲ့ (၆) ကြိမ်မှာတော့ (၃) ပွဲနိုင်၊ (၃) ပွဲရှုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် (၃) နဲ့ (၄) နေရာက အသင်းတွေဖြစ်ပြီး နော်တင်ဟမ်က တစ်မှတ်လျော့ပေမဲ့ တစ်ပွဲပိုကစားရမှာပါ။ မန်စီးတီးက ပိုရေပန်းစားပေမဲ့ လက်ရှိခြေစွမ်းနဲ့ ခြိမ်းခြောက်နိုင်စွမ်းက အရမ်းကွာမနေပါဘူး။ ဒါပေမဲ့ မန်စီးတီး ကပ်နိုင်ဖို့တော့ ရှိတယ်။

မူရင်းသတင်း — Eleven Media Group