Eleven Media Group

■ စီးရီးအေပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

ကိုမို - ဂျီနိုအာ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ညနေ ၅:၀၀ နာရီ)
နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုက စီးရီးအေနောက်ဆုံး(၃)ပွဲဆက်နိုင်ပွဲရပြီး ပုံစံကောင်းပြနေတယ်။ ဂျီနိုအာကတော့ စီးရီးအေ အဝေးကွင်း (၈)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ကိုမိုကိုပဲ ကြိုက်တယ်။


ဗင်နီဇီယာ - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ညနေ ၅:၀၀ နာရီ)
ဗင်နီဇီယာက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ အစွမ်းကုန် ရုန်းကန်နေပြီး စီးရီးအေနောက်ဆုံး (၈)ပွဲမှာ (၁)ပွဲပဲ ရှုံးခဲ့တယ်။ အေစီမီလန်ကတော့ လက်ရှိအချိန်အထိ တည်ငြိမ်မှုကင်းမဲ့ နေဆဲဖြစ်ပြီး ခံစစ်ကလည်း ပေးဂိုးနှုန်းအရမ်းများတယ်။ ဒါ့အပြင် အေစီမီလန်အသင်းအနေနဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်လည်း ခက်ခဲလာပြီလို့ ဆိုရမှာပါ။ ဗင်နီဇီယာကို ရွေးချယ်ချင်ပါတယ်။


ဖီအိုရင်တီးနား - အမ်ပိုလီ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၇:၃၀ နာရီ)
ဖီအိုရင်တီးနားက ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရပေမဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာ တွေ့ရတယ်။ အမ်ပိုလီကလည်း အမှားခံလို့မရတဲ့ အနေအထားကို ရောက်နေပါပြီ။ အမ်ပိုလီ သရေလောက်ရမယ်ထင်တယ်။


အင်တာမီလန် - ရိုးမား (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၇:၃၀ နာရီ)
အင်တာမီလန်က နောက်ဆုံးပွဲမှာ ဘိုလော့ဂ်နာကို ရှုံးနိမ့်ပြီး ချန်ပီယံဆုအတွက် ဖိအားဝင်ခဲ့ရတယ်။ အင်တာမီလန်ကို လက်ရှိချိန်အထိ စီးရီးအေရဲ့ အကောင်းဆုံးအသင်းလို့ ဆိုနိုုင်ပေမဲ့ ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကစားရမှာကို သတိပြုရပါမယ်။ ရိုးမားကလည်း ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် ပွဲတိုင်းကို အကောင်းဆုံးပုံစံနဲ့ ကစား နေတာတွေ့ရတယ်။ ဒီ(၂)သင်း နောက်ပိုင်းတွေ့ဆုံမှုတွေမှာ အင်တာမီလန်က သိသိသာသာအသာစီးရခဲ့ပေမဲ့ ဒီပွဲတော့ ရိုးမားကို ရွေးချယ်ချင်တယ်။


ဂျူဗင်တပ်စ် - မွန်ဇာ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၁၀:၃၀ နာရီ)
ဂျူဗင်တပ်စ်ကတော့ နောက်ဆုံးပွဲမှာ ပါးမားကို စိတ်ပျက် စရာပုံစံနဲ့ ရှုံးနိမ့်ခဲ့တယ်။ ဒါကြောင့်လည်း ဂျူဗင်တပ်စ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အခြေအနေကို ရောက်လာခဲ့တယ်။ မွန်ဇာကတော့ တန်းဆင်းရမယ့်အသင်းဖြစ်ပြီး ကွင်းတွင်းခြေစွမ်းကလည်း အရမ်းညံ့ပါတယ်။ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်အသင်းဂိုးပြတ်ပေါက်ကွဲလိမ့်မယ်။ (၃-ဝ) လောက်ဖြစ်နိုင်တယ်။


အတ္တလန်တာ - လက်ချီ (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁:၁၅ နာရီ)
အတ္တလန်တာက နောက်ဆုံး (၂)ပွဲဆက်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ရပ်ကို ပြန်လည် ပိုင်ဆိုင်ခဲ့တယ်။ လက်ချီကတော့ တန်းဆင်းအန္တရာယ်ကြားက ရုန်းထွက်ဖို့ကြိုးစားနေပေမဲ့ ရှုံးပွဲဆက်နေတုန်းပဲ။ ဒါပေမဲ့ လက်ချီနဲ့ စွန့်စားသင့်တယ်။


နာပိုလီ - တိုရီနို (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁:၁၅ နာရီ)
နာပိုလီက သူတို့ရဲ့ ချန်ပီယံအိပ်မက်ကို အသက်သွင်းချင်တယ်ဆိုရင် ဒီလိုပွဲမျိုးကို မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်တယ်။ နာပိုလီတိုက်စစ်မှာ လူကာကူ ခြေစွမ်းပြနေပြီး ကြယ်ပွင့်ကွင်းလယ်လူ တွမ်မီနေးရဲ့ ပုံစံကောင်းကိုလည်း တွေ့ရတယ်။ တိုရီနိုကတော့ အထက်မရောက်အောက်မရောက်အသင်းဖြစ်ပြီး အမှတ်လိုအပ်ချက်လည်း မရှိပါဘူး။ ဒါ့အပြင် အဝေးကွင်းနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ တိုရီနိုရဲ့ တိုက်စစ်ကလည်း အားရစရာသိပ်မရှိပါဘူး။ နာပိုလီ (၂-ဝ) လောက်နဲ့ နိုင်မယ်။

မူရင်းသတင်း — Eleven Media Group