Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၃၁) ပွဲကြိုသုံးသပ်ချက်

အန်ဂါစ် - လိုင်လီ (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၇:၃၀ နာရီ)
အန်ဂါစ်က စိတ်ပျက်စရာရှုံးပွဲတွေနဲ့အတူ တန်းဆင်းဇုန်နား ရောက်လာတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် လိုင်လီအနိုင်ကစားမယ်။


နန့်စ် - တူးလူး (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၉:၄၅ နာရီ)
တူးလူးက လီဂူးနောက်ဆုံး (၅)ပွဲဆက် ရှုံးပွဲဆက်နေပြီး ခံစစ်ကလည်း လျော့တိလျောရဲနိုင်လွန်းတယ်။ နန့်စ်သရေနဲ့ အနိုင်ပါပဲ။


မောင့်ပယ်လီယာ - Reims (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၉:၄၅ နာရီ)
တန်းဆင်းရမယ့် မောင့်ပယ်လီယာက စိတ်ပျက်စရာကစားပုံကိုပဲ ပြသနေတယ်။ အဝေးကွင်းဖြစ်ပေမဲ့ Reims ပဲ နိုင်ဦးမှာပဲ။


လန်းစ် - အော်ဇေး (မြန်မာစံတော်ချိန် ဧပြီလ ၂၇ ရက် ည ၉:၄၅ နာရီ)
(၂)သင်းအကြား ကွင်းတွင်းခြေစွမ်းကွာဟချက် ကျဉ်းမြောင်းပြီး ရပ်တည်မှုခြင်းလည်း မကွာပါဘူး။ သရေကျဖို့များပြီး ဂိုးအများကို ကြိုက်တယ်။


မာဆေးလ် - ဘရက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၂၈ ရက် နံနက် ၁:၁၅ နာရီ)
မာဆေးလ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားခံလို့မရတဲ့ အခြေအနေကို ရောက်လာတယ်။ ဘရက်စ်က အသင်းကောင်းဖြစ်ပေမဲ့ အမှတ်လိုအပ်ချက် မရှိပါဘူး။ မာဆေးလ်အိမ်ကွင်းမှာ အနိုင်သေချာတယ်။

မူရင်းသတင်း — Eleven Media Group