Eleven Media Group

စီးရီးအေ ပွဲကြိုသုံးသပ်ချက်

Photo: X

အူဒီးနီးစ် နှင့် ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

အူဒီးနီးစ်က စီးရီးအေနောက်ဆုံး (၅)ပွဲဆက် ရှုံးခဲ့ပြီး ဂိုးမသွင်းနိုင်တဲ့ပွဲက (၄)ပွဲဲအထိရှိခဲ့တယ်။ ဘိုလော့ဂ်နာကတော့ နောက်ဆုံးပွဲမှာ အင်တာမီလန်ကို အနိုင်ကစားပြီး သူတို့ရဲ့ ဆုဖလားအိပ်မက်ကို အကောင်းဆုံးအသက်သွင်းနိုင်ခဲ့တယ်။ ဘိုလော့ဂ်နာပဲ နိုင်မယ်။

ဗီရိုနာ နှင့် ကာဂလီယာရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ရပ်တည်မှုနဲ့ ခြေစွမ်းမကွာတဲ့အသင်းတွေ ထိပ်တိုက်တွေ့ဆုံကြတဲ့ ပွဲပါပဲ။ ဒါပေမဲ့ ဗီရိုနာကတော့ သွင်းဂိုးတွေအတွက် ရုန်းကန်ရလေ့ရှိတဲ့အသင်းပါ။ အဝေးကွင်းဖြစ်ပေမဲ့ ကာဂလီယာရီကို ကြိုက်တယ်။

လာဇီယို နှင့် ပါးမား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

လာဇီယိုက ဘိုလော့ဂ်နာကို ရှုံးပြီးတဲ့နောက် ပွဲတိုင်းကို ဖိဖိစီးစီးကစားနေတယ်။ ပါးမားက နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို နိုင်ခဲ့ပေမဲ့ စီးရီးအေအဝေးကွင်းနောက်ဆုံး (၁၀)ပွဲအထိ နိုင်ပွဲပျောက်ခဲ့တဲ့အသင်းပါ။ လာဇီယိုကိုပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group