Eleven Media Group

အီဗရာနဲ့ ဆွာရက်ဇ် တကယ်ထိုးကြမလား (Life)

Photo : X

မန်ယူနဲ့ပြင်သစ်လက်ရွေးစင်ဟောင်း အီဗရာက လာမယ့်မေလ ၂၃ရက်မှာ သူ့ရဲ့ပထမဆုံး MMA ထိုးပါမယ်။ UFC ရဲ့နောက်မှာ ဒုတိယ အအောင်မြင်ဆုံး၊ ဂုဏ်သိက္ခာအရှိဆုံး MMA ပြိုင်ပွဲအဖြစ်ရပ်တည်နေတဲ့ PFL မှာ အီဗရာက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုပြသမှာပါ။ အသက် (၄၃)နှစ်အရွယ်အီဗရာက ၂၀၁၈ ခုနှစ်မှာဘောလုံးလောကကနေ အနားယူပြီးနောက် တိုက်ခိုက်ရေးအားကစားနည်းကို လေ့လာသင်ယူနေခဲ့တာပါ။ အီဗရာက နာမည်ကျော် PFL ဖိုက် တာ ဆီဒရစ်ဒွန်ဘီနဲ့အတူ လေ့ကျင့်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အီဗရာနဲ့ထိုးသတ်ရမယ့် ပြိုင်ဘက်ဘယ်သူလဲဆိုတာ မသတ်မှတ်ရသေးပါဘူး။ အီဗရာက သူထိုးချင်တဲ့ပြိုင်ဘက်က ဆွာရက်ဇ်ဆိုပြီး လူမှုကွန်ရက်မှာရေးသားခဲ့တာပါ။ ဆွာရက်ဇ်နဲ့ အီဗရာကြားမှာ ရန်စတွေရှိပါတယ်။ ၂၀၁၁ ခုနှစ်အတွင်းက ကစားတဲ့လီဗာပူးလ်နဲ့မန်ယူပွဲမှာ ဆွာရက်ဇ်က အီဗရာကို လူမျိုးရေးခွဲခြားခဲ့တယ်။ ဆွာရက်ဇ်ရဲ့လုပ်ရပ်ကြောင့်အီဗရာအတော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တာပါ။ ဆွာရက်ဇ်လည်း (၈) ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦး နောက်တစ်ခါ ပြန်ဆုံတဲ့အခါ ပွဲမစခင်မှာ အီဗရာက ဆွာရက်ဇ်ကို လက်ဆွဲမနှုတ်ဆက်ခဲ့ပါဘူး။

အီဗရာက မန်ယူအသင်းအတွက် ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းကစားပြီး ပရီးမီးယားလိဂ်ချန်ပီယံငါးကြိမ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ် ပိုင်ဆိုင်ခဲ့ပြီး မန်ယူအသင်းပရိသတ်တွေရဲ့ အသည်းစွဲကစားသမားဖြစ်ခဲ့တာပါ။

တိုက်ခိုက်ရေးအားကစားနည်းကို အီဗရာ သဘောကျပါတယ်။ ဘောလုံးလောကမှာ အဓိကဆုဖလားများစွာ ပိုင်ဆိုင်ဖူးပြီး ဂန္ထဝင်ကစားသမားအဖြစ် ထင်ရှားပေမယ့် PFL မှာပထမဆုံး MMA ပွဲ ထိုးခွင့်ရမယ့်အတွက် အီဗရာသိပ်ပြီး စိတ်လှုပ်ရှားနေတာပါ။ အီဗရာက တိုက်ခိုက်ရေးအားကစားနည်းကို နှစ်ပေါင်းများစွာ လေ့လာသင်ယူထားလို့ အခုအချိန်မှာ ပွဲထိုးဖို့အသင့်ဖြစ်နေပါပြီ။ သူ့ကိုယ်သူယုံ ကြည်မှု အပြည့်ရှိနေပါပြီ။ ဘောလုံးလောကကနေ အနားယူပြီးနောက် ရုပ်သံဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ အီဗရာက "ဆွာရက်ဇ်နဲ့ MMA ပွဲထိုးဖြစ်ရင် ကျွန်တော့်ကို သူ ကိုက်ဦးမယ်ဆိုတာ ရှိသမျှပုံအောလောင်းရဲတယ်" လို့ လှောင်ပြောင်ခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group